အခန်း ၃၇ တတိယလူ?ချန်ခိုင် စုလဲ့ကိုထပ်လာမရှာတော့ စုလဲ့ကလည်း ဒုက္ခရှာပြီးလိုက်မရှာ ဒါမဲ့ သူမ အမေကိုတော့ တမင်ဖုံးထားခဲ့သည်။ အားလပ်ရက်ရပြီးပျော်နေတဲ့သူမ အမေ အပျော်မပျက်စေချင်ဘူးလေ
ပိုင်ရှန်းနဲ့ကျင်ချု ပူးပေါင်းမှုကလည်း တော်တော်လေးပြီးနေပြီပင် စုလဲ့ နည်းနည်းစိတ်အေးသွားရတဲ့ထိပေါ့ ကျန်တာဆိုလို့ စီးပွါးရေးဆိုင်ရာအကျိုးအမြတ်တွေပဲ စုလဲ့က အဲ့ကိစ္စတွေကို ဆုံးဖြတ်ချက်မချနိုင်တာကြောင့် အထွေထွေ မန်နေဂျာ ကျန်းတင်းကို ပရောဂျက် ပြန်ပေးလိုက်သည်လေ။ သူ့ဘာသူ ဆုံးဖြတ်နိုင်အောင်ပေါ့
ရက်တချို့လောက် သူမ ကျင်ချုကိုမသွားခဲ့ ပိုင်ရှန်းမှာာနေပြီး လုပ်စရာရှိတာလုပ်နေခဲ့တာ တစ်ခါတလေ အလုပ်ဆင်းရင် ဝေချုနဲ့ တူတူ ညစာစားတာ ဇာတ်ကားကြည့်တာ လုပ်သည်လေ သူမဘဝကြီးကို ဇာတ်လမ်းတွေထဲကလို အကွေ့အကောက်တွေအများကြီးမဖြစ်စေချင်ဘူးလေ သဘာဝတရားကြီးက သူ့တာဝန်သူဘာသူလုပ်လိမ့်မည်မဟုတ်လား
"စုလဲ့ တို့ရုံးခန်းကိုခနလောက်လာခဲ့ပါဦး" ကျန်းတင်းက ခုတင်ရုံးပြန်ရောက်လာပြီး လက်ထဲဖိုင်တချို့ကိုင်ထားကာ စုလဲ့စီလာခေါ်တာပင်
စုလဲ့ ကျင်ချုနဲ့ပူးပေါင်းမှာမှာ ပြသာာရှိတာများလားလို့ ထိတ်သွားကာ နေ့လည်စာဘာစားရမလဲတွေးနေတာတောင် အရှိန်ပျက်သွားသည်လေ
ကျန်းတင်းရုံးခန်းကို လိုက်သွားတော့ စုလဲ့ထင်ထားသလိုမျိုးမဖြစ် ထိုအစား သူမချီးကျုးခံရတာပင် ထိုမှသာ သူမ စိတ်အေးသွားပြီး ထိုင်ကာ ကျန်းတင်းပြောတာကို စောင့်နေလိုက်သည်။
"လွန်ခဲ့တဲ့ အပတ်တွေက တို့လက်ထောက်ရှာနေတာ သင့်တော်တဲ့သူဘယ်သူမှမတွေ့ဘူး မင်းစိတ်မရှိဘူးဆို တို့ လက်ထောက်အဖြစ် အချိန်တစ်ခုလောက်လုပ်ပေးလို့ရမလား?" ကျန်းတင်းက စုလဲ့ကို။ အသိအမှတ်ပြုတာကို ဖုံးကွယ်မထား "မင်းက အလုပ်လည်းလုပ်နိုင်တယ် တို့ဆီက ပိုပိုသင်ယူရင်း နောင်ကျ ပိုင်ရှန်းမှာ မင်းအတွက် သင့်တော်တဲ့တနေရာရှိလာမှာပါ"