အခန်း ၃၁ ဒရာမာ ဆန်လိုက်တာ အားးး
စုလဲ့ အခြေအနေတော်တ်ောများများမှာ သဘောထားကြီးတဲ့သူပင် ဒါမဲ့ သူမ အရမ်း သဘောထားကျဉ်းမြောင်းတဲ့ အချိန်လည်းရှိသည်။ အခုလိုမျိုးပေါ့ ဥမာအားဖြင့် သူမရဲ့ နာရီ ဖိနပ် လက်ကောက်ကအစ သူများက ဘရန်းတွေ တန်ဖိုး ဘယ်လောက်ဆိုတာကို ဘာအကဲဖြတ်နေရင် စုလဲ့ မျက်နှာက အပြုံးက ပိုပိုလျော့လာလေပဲ
"ကောင်မလေး ခုခေတ် ညည်းလိုလူတွေ က အကုန်တူတူပဲ စျေးပေါတဲ့ကြုံရာပစ္စည်းတွေဝယ်ကြတာဒါမဲ့ အဲ့လိုစျေးပေါတဲ့ဟာတွေက အဆင့်အတန်းမှာ စကားပြောတယ်" ထိုအမျိုးသမီးက ပြောချင်တာပြောနေတော့သည်။
စုလဲ့က လက်ဖက်ရည်ခွက်ကိုကိုင်ထားပြီး သူမတွေးနေမိတာက ဒီတိုင်းထွက်သွားပြီး လျှောက်ပတ်ကြည့်နေရင်ကောင်းမလားလို့လေ ဘာလို့လဲဆိုတော့ သူမသာ ကြိုသိရင် အသေရိုက်သတ်တောင် ဒီလိုလူမျိုးနဲ့တခန်းတည်းနေမှာမဟုတ်ဘူးလေ ဒီလိုမိန်းမမျိုးနဲ့ ပက်သက်ရတာက သူမရဲ့ ခံနိုင်ရည်ကို စမ်းနေသလိုမျိုးပဲ သရုပ်ဆောင်စွမ်းရည်ကောလေ စုလဲ့ မျက်နှာက အပြုံးကတဖြည်းဖြည်းနဲ့သရုပ်မပေါ်တော့
ထိုချိန်မှာပဲ တံခါးကို ဝေချု ရုတ်တရက်တွန်းဖွင့်လိုက်ပြီး ဝင်လာခဲ့သည်။ တောက်လျှောက်ပြောနေတဲ့ ထိုအမျိုးသမိးက ဝေချု သူမကို ကြည့်လာတာမြင်တာနဲ့ချက်ချင်း တိတ်သွားတော့သည်။ ဝေချု က ပြုံးကာ စုလဲ့ဘေးမှာလာရပ်ပြီး "စုလဲ့ ဘာလို့ ဒီမှာထိုင်နေတာလဲ?" လှည့်ပြီး ချန်ရှုကို "ချန်ရှု စုလဲ့ကို ငါ့ရုံးခန်းမှာ နားဖို့ခေါ်သွားလိုက် စကားတွေ အများကြီးပြောလိုက်ရလို့ ပင်ပန်းနေလောက်ပြီ" ဝေချုက စုလဲ့ ပုခုံးကိုပုတ်ကာ သူတို့က ရင်းနှီးတယ်ဆိုတဲ့ ပုံစံမျိုး ပြသလိုက်သည်။
တောက်လျှောက်ပြောဆိုနေတဲ့ ထိုအမျိုးသမီးက မျက်နှာပျက်သွားသလို ရင်တုန်သွားတော့သည်။ သူမရှေ့က ကောင်မလေးက စီအီးအိုဝေရဲ့ ကောင်မလေးတော့မဟုတ်လောက်ဘူးမလား
စုလဲ့ ဝေချု့စကားကြားးတော့ စိတ်အေးသွားသလို သက်ပြင်းချကာ ထပြီး ဝေချုကို ခေါင်းငြိမ့်ပြကာ "အာ့ဆို ရှင့်ရုံးခန်းထဲ ကျွန်မ အရင်သွားနှင့်လိုက်မယ် အို့ ဟုတ်သား ခနနေကျ စီမံကိန်းမန်နေဂျာကို ဆက်သွယ်ပေးလို့ရမလား?"