အခန်း ၄၆ နွေးထွေးမှု
"လောင်တ စုလဲ့အိပ်ပျော်နေပြီလား?" လူသွားလမ်းခြားထားတဲ့ ချန်ရှုက စုလဲ့ ဝေချု့ပေါင်ပေါ်လှဲနေတာမြင်တော့ မေးလာသည်။ စုလဲ့ ပိုသက်သောင့်သက်သာနားလို့ရအောင် ဝေချုက အစွန်ထိုင်ခုံမှာထိုင်ကာ လှဲလို့ရအောင်လုပ်ပေးထားတာပင် ဝေချုက စုလဲ့ကိုယ်ပေါ်ကို ဂျက်ကတ်လေးတောင်ခြုံပေးထားသေး
"အင်း" ဝေချုက ခေါင်းငြိမ့်ပြရင်း တိုးတိုးပြန်ဖြေသည်။ ပြတင်းပေါက်အပြင်ကိုကြည့်ကာ ကောင်းကင်ကမှောင်လာပြီဖြစ်သလို ကားတွေကလည်း မြို့ထဲကိုဝင်လာကြကာ လမ်းမီးတွေလည်းလင်းလာကြပြီပင် ဘတ်စ်ကားက လမ်းမီးတွေကိုဖြတ်သွားတော့ ခပ်ဖျော့ဖျော့ အဝါရောင်လမ်းမီးတွေက စုလဲ့ပေါ်ဖြာကျလာသလို ထိုမြင်ကွင်းကိုကြည့်ပြီး သူ့ရင်ထဲ နွေးထွေးလို့နေသည်။
သူ့ဘောစ့်ရဲ့ အမူအရာကိုမြင်တော့ ချန်ရှု အသံကိုနှိမ့်ပြီး "ဒီနေ့တောင်တက်လိုက်တာ တအားပင်ပန်းသွားတာနေမယ်" စုလဲ့က သာမန်အားဖြင့် တက်ကြွနေတဲ့လူဆိုပေမယ့် သူမက ရုပ်ပိုင်းဆိုင်ရာတော့ တအားသန်မာမှုမရှိ
"ကွန်ပျုတာရှေ့ထိုင်နေရတာ ပိုများတယ်" ဝေချုက စုလဲ့ကို ဂျက်ကတ်သေချာ ဆွဲတင်ခြုံပေးလိုက်သည်။ "ကားဆရာကို လူတိုင်းကို ပြန်လိုက်ပို့ခိုင်းလိုက် ကုမ္ပဏီကိုပြန်သွားစရာမလိုဘူး"
"ကိစ္စမရှိဘူး"ချန်ရှုက စုလဲ့ကိုနောက်တစ်ခါထပ်ကြည့်လာပြီးမှ ဝေချုပြောတာကို ကားဆရာကိုသွားပြောဖို့ ထသွားလိုက်သည်။
သူတို့ဝေချုရဲ့ ဗီလာအသေးလေးကိုရောက်တော့ စုလဲ့က အိပ်နေဆဲပင် လူတိုင်းက ကျင်ချု ရဲ့ပိုင်ရှင်ကြီးက အိပ်ပျော်နေတဲ့စုလဲ့ကို မင်းသမီးလေးကိုပွေ့ချီသွားးတာကို မြင်လိုက်ကြရသည်။ဝေချုက ချန်ရှုဘက်ကိုလှည့်ပြိး "မင်းလည်း ဒီမှာဆင်းပြီး ငါ့ကိုတံခါးဖွင့်ပေး"
ညီအစ်ကိုတွေက အရေးကြီးဆုံးဆိုပေမယ့် အခုတော့ ဝေချုက သူ့ရရဲ့အိပ်ပျော်နေတဲ့အလှလေးကိုမနှိုးချင်လို့ သူ့ညီအစ်ကိုကို ခြံစောင့် လုပ်ခိုင်းတာပင် တရုတ်ဆိုရိုးအတိုင်းပေါ့ လူတွေရဲ့အကျင့်စရိုက်နဲ့ တန်ဖိုးထားတတ်မှုက နေ့ရက်တိုင်းလိုလိုယိုယွင်းလာတယ်ဆိုတာ