အခန်း ၃၉ ယုံကြည်မှု
လက်မှတ်ထိုးပွဲပြီးသွားတာနဲ့ စုယွဲ့ နောက်နေ့ အိမ်တန်းပြန်တာပင် အလုပ်ကလည်း အရေးကြီးသည်လေ
လေယာဉ်ပေါ်ကမဆင်းခင် ဝေချု့ကိုဖုန်းဆက််လိုက်သေးသည်။ ဒါမဲ့ ချန်ရှုကိုင်တာင် ဝေချုကအခု အစည်းအဝေးလုပ်နေလို့လို့ပြောတာန့ စုလဲ့လည်း ဘာမှမပြောတော့ဘဲ ထွက်ခွါရာဂိတ်ကို ကိုပဲသွားလိုက်တော့သည်။
ဒီတစ်ခါတော့ စုလဲ့ လေယာဉ်ပြတင်းပေါက်ဘက်ခြမ်းကိုရတာပင် ဒါမဲ့သိပ်မကြာလိုက်ဘေးခုံကလူလည်းရောက်လာတော့သည်။
"အာ စုလဲ့" အမေကျန်းက စုလဲ့ကိုလေယာဉ်ပေါ်မှာတွေ့မယ်မထင်ထားတာကြောင့်ဖော်ရွေစွာပြုံးပြီး "S မြို့ကိုလာတာလား?" လို့မေးလိုက်သည်။
စုလဲ့လည်း ယဉ်ကျေးစွာ ပြန်ပြီး "ဒေါ်ဒေါ်" လိုနှုတ်ဆက်လိုက်သည်။ တစ်ယောက်ပြောဖူးတယ် ဘဝမှာ ပြဇာတ်ဆန်ဆန်အချိုးအကွေ့တွေအများကြီးရှိလာတတ်တယ်တဲ့ စုလဲ့တွေးမိပြီး ပြုံးလိုက်သည်။ အခုသူမ လိုပေါ့လေလို့
"အလုပ်ခရီးလား?" ကျန်းဝေအမေက စုလဲ့ သေချာဝတ်စားထားပြီး ပင်ပန်းနေသလိုပုံစံဖြစ်နေတာမြင်တော့မေးလာတာပင် "အလုပ်က တအားပင်ပန်းလို့လား?" လို့စိုးရိမ်စွာထပ်မေးလိုက်သည်။
"အလုပ်လို့ပြောလို့ရပါတယ်" စုလဲ့က နဖူးကိုနှိပ်ကာ "ကိစ္စမရှိပါဘူး မနေ့ညက ကောင်းကောင်းမအိပ်လိုက်ရလို့ပါ ဒေါ်ဒေါ်ကော S မြို့ကိုတစ်ယောက်တည်းလာတာလား?" ကျန်းမိသားစုက လူကြီးနှစ်ယောက်က ကြိုးထုံးလိုပင် သူတို့က အမြဲတူတူသွားလာနေကြတာ ကျန်းဝေအမေ တစ်ယောက်တည်းလာတာကြုံတောင်ကြုံခဲပင်
"သူငယ်ချင်းတစ်ယောက်ဆီလာလည်တာမို့ ဘယ်သူ့မှမခေါ်လာတာ" ကျန်းဝေအမေက စုလဲ့ပုခုံးကိုပုတ်ကာ "ပိန်သွားသလိုပဲ ကောင်မလေး အလုပ်ပဲဖိလုပ်ပြီးကျန်းမာရေးကို ဂရုမစိုက်ဘဲမနေနဲ့ မကောင်းဘူး"
"အကြံပေးတာ ကျေးဇူးတင်ပါတယ် ဒေါ်ဒေါ် သမီးမှတ်ထားပါ့မယ်" စုလဲ့က 'ဒေါ်လေးကျန်း'လို့ခေါ်တာ ကျင့်သားရနေပေမယ့် ကျန်းဝေ့အမေကိုအဲ့လိုမခေါ်သင့်တော့ဘူးလို့တွေးမိကာ 'ဒေါ်ဒေါ်' လို့ခေါ်လိုက်တာပင် အဲ့ဒါက ယဉ်ကျေးသလို နေရခက်တာမျိုးလည်းမဖြစ်စေတော့