ဝေချုက စုလဲ့ ကျန်းဝေခြေထောက်ကို ပိုပြင်းပြင်းလေးတက်နင်းခဲ့ရမှာ ဟု တွေးနေမိသည်။ ဘရိတ်ကိုတောင်မနင်းနိုင်တော့အောင်လေ ဒါမဲ့ စုလဲ့ ကျန်းဝေခြေထောက်ကို အေးဆေးတက်နင်းပြီး အိတ်ကို ပစ်ပေါက်တဲ့ အရှိန်ကိုတွေးမိတော့ ဝေချုနောက်ဆုံး သူ့အဖေက သူ့အမေကို ဘာလို့ တအားကြောက်လဲဆိုတာ နားလည်သွားတော့သည်။ဒေါက်ဖိနပ်တစ်ရံက လူတစ်ယောက်ကို အားနဲ့ တက်နင်းနိုင်ပေမယ့် နင်းရင် ဒေါက်ကိုလိမ်လိုက်မယ်ဆိုရင် သေလောက်အောင်နာမှာပင် ခံစားကြည့်တာထက် ဒီတိုင်းကြည့်တာတောင်နာသည်လေ
မိန်းမတွေအားလုံးက တည်ငြိမ်တဲ့ရေနဲ့ တူပေမယ့် ဘယ်တော့မှ ရန်မစသင့်တဲ့ ကြောက်ဖို့ကောင်းတဲ့ ဆူနာမီပင်
-
တိုက်ခန်းထဲမှာ စုလဲ့ weibo ကိုဖွင့်ပြီး စာတစ်ကြောင်းရိုက်လိုက်သည်။
(ဒီနေ့ ငါ သူငယ်ချင်းတစ်ယောက် မြေခွေးတွေကိုခုခံတဲ့ နည်းလမ်းတစ်ခုကို အသုံးချခဲ့တယ် အပြုအမူတွေက ရိုးရှင်းပေမယ့် ရလဒ်ကတော့ မဆိုးဘူး)
စိတ်ထဲကစုပြုံထားတဲ့ မပျော်ရွှင်မှုတွေ အကုန် ဒီည ဖွင့်ထုတ်လိုက်ရသလိုပင် စုလဲ့မေးထောက်ထားလိုက်သည်။ တချို့ယောက်ကျားတွေက အရိုက်ခံချင်လို့ကို တောင်းဆိုနေကြတာလို့ သူမတွေးလိုက်မိသည်။ အရိုက်ခံရပြီး တဖက်လူကလည်း ပိုရိုးသားသွားမှာ ဖြစ်သလို သူမလည်း စိုးရိမ်တာလျှော့သွားမှာလေ
—
ဝေချု အိမ်ပြန်ရောက်တာနဲ့ weibo က ပို့စ်ကို မြင်ပြီး ရယ်တော့သည်။ ထို့နောက် အစည်းအဝေးလုပ်တုန်းက သူပစ်ထားခဲ့တဲ့ အလုပ်တွေကို ပျော်ပျော်ကြီးလုပ်တော့သည်။
ဒီညမှာ အောင်နိုင်သူတစ်ယောက်နဲ့ အရှုံးသမားတစ်ယောက်ရှိခဲ့သည်လေ
—
လျင်မြန်စွာနဲ့ စနေနေ့က ရောက်လာကာ စုလဲ့အစောကြီးနိုးနေခဲ့သည်။ အနီရောင်စာအိတ်တစ်အိတ်ပြင်ပြီး နီးရာမြို့ကို သွားဖို့ ဘတ်စ်ပေါ်တက်ခဲ့လိုက်သည်။
ရှောင်ယောင်က ချမ်းသာတဲ့မိသားစုက ဆိုတာ သိပေမယ့် အလွန်ခမ်းနားတဲ့ မင်္ဂလာပွဲကျင်းပတဲ့နေရာ စင်မြင့်ထက်တွင် သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ထားသော ဧည့်ဝတ်ကျေပွန်သည့် ဝန်ထမ်းတွေနဲ့ နေရာမျိုးလို့သူမ မထင်ထားဘူးလေ မင်းသားနဲ့ မင်းသမီးရဲ့ မင်္ဂလာဆောင်မှာ ရောက်နေတယ်လို့တောင် သူမထင်သွားမိတဲ့ထိ