အခန်း ၃၀ တိုက်ဆိုင်တဲ့တွေ့ဆုံမှုတစ်ခု
ပတ်ပတ်လည်က အရာအားလုံးတိတ်ဆိတ်လို့နေသည်။
စုလဲ့က ပြုံးနေပေမယ့် ဝေချု သူမ အပြုံးနောက်က။ ဖုံးကွယ်ထားတဲ့ အဓိပ္ပာယ်ကို မြင်နိုင်သည်လေ သူမကို ဝန်ခံရင် အောင်မြင်နိုင်ချေကို စိတ်ထဲ တွက်ချက်နေလိုက်သည်။ အဆုံးကျ "ကိုယ် မင်းကို သဘောကျတယ်ဆို မင်းဘာလုပ်မှာလဲ?"
စုလဲ့ဝေချုကို ကြောင်ကြည့်နေကာ သူက ပြုံးနေပေမယ့် သူဘာတွေးနေလဲ သူမ မသိတာကြောင့် အမှန်တိုင်းသာဖြေလိုက်သည်။ "တကယ် စိတ်ညစ်မိမှာပဲ ဒီလိုယောကျ်ားကောင်းတစ်ယောက်ကို မိန်းကလေးတွေဘယ်လောက်တောင် သဘောကျကြလိမ့်မလဲ?"
စုလဲ့ စကားတွေက တစ်ခုခုကိုသဲလွန်စပေးနေတာကို သတိထားမိကာ "တကယ်လို့ ကိုယ်က တခြားမိန်းမတွေကို လုံးဝ စိတ်မဝင်စားဘဲ သူတို့ကို ကိုယ်ယတိပြတ်ငြင်းမယ်ဆိုရင်ကော?"
လေသံကတော့ လေးနက်နေပုံပေါ်ပေမယ့် မျက်နှာကတော့လုံးဝ ဆန့်ကျင်ဘက်ပင် စနောက်နေသလိုမျိုး စုလဲ့ အရုပ်လေးတွေကို တင်းတင်းကိုင်ထားပြီး ထိုအရုပ်ဗိုက်လေးကို ပွတ်နေကာ "စီနီယာ ဂျုနီယာကို နောက်တာ မကောင်းဘူး"
"ဂျုနီယာ ညီမလေး တအား ဒေါသမထွက်ပါနဲ့" ဝေချုက သက်ပြင်းချကာ
"ဒါမဲ့ တကယ်လို့ ဂျုုနီယာ ညီမလေးသာ စိတ်မရှိဘူးဆို ကိုယ် မင်းရဲ့ကောင်လေး ဖြစ်ချင်ပါတယ်""ဒုက္ခမရှာပါနဲ့" စုလဲ့က သက်ပြင်းချလိုက်သည်။ "ရှင်က ကျွန်မ ကောင်လေးဖြစ်ဖို့ မကိုက်ညီဘူး ပြိးတော့ ရှင်သာကျွန်မကောင်လေးဖြစ်ရင် ဖိအားများရမှာမို့ ကျေးဇူးတင်ပေမယ့် ကျေးဇူးမတင်တော့ပါဘူး"
"အင်း နှမြောစရာပဲ" ဝေချု မျက်နှာမှာတော့ ဘာအမူအရာမှမဖော်ပြပေမယ့် နှလုံးသားထဲမှာတော့ စိတ်ပျက်မှုကို ခံစားလိုက်ရသည်။ ဒါမဲ့ စုလဲ့က သူအပေါ်အမြင်ကောင်းရှိနေတာလည်း တိုးတက်မှုတစ်ခုပဲလေ သေးငယ်တယ်ဆိုရင်တော့ တိုးတက်လာပဲ ဆိုလိုချင်တာက သူ့အတွက်မျှော်လင့်ချက်ရှိသေးတာပဲ
ဝေချု စုလဲ့ အဆောက်ဦးထဲဝင်သွားတာမြင်မှသာ ကားပေါ်တက်ပြီး ထွက်သွားတော့သည်. သူအိမ်ပြန်ရောက်တော့ ရုတ်တရက် အတန်းဖော်ပြောတဲ့စကားတွေကို သတိရလိုက်သည်။ နာမည်တော့မေ့နေပြီဆိုပေမယ့်ပေါ့ ခုနက စုလဲ့ကိုပြောတဲ့တစ်ယောက်လေ ကျန်းဝေက စုလဲ့နဲ့ပြန်တွဲချင်နေတယ်ဆိုတာ