အခန်း ၁၇
စုလဲ့နောက်နေ့ အဆောက်ဦးက ထွက်လာတော့ ဝေချုက သူမကိုစောင့်လို့နေနေပြီပင် မနက်စာအတွက် ပေါင်မုန့်တစ်လုံးနဲ့နွားနို့ တစ်ဘူးကိုင်ပြီးဆင်းလာတဲ့ စုလဲ့ လန့်သွားတော့သည်။
"စီနီယာဝေ ရောက်တာ ဘာလို့ ဖုန်းမဆက်လိုက်တာလဲ အကြာကြီးစောင့်နေရပြီ""ဘာမှမဖြစ်ပါဘူး ကိုယ်ခုမှရောက်တာ" ဝေချုက အချိန်ကြည့်လိုက်တော့ ၇ နာရီ ၄၀ ပင် အချိန်တွေအများကြီးရှိသေးတယ်လေ ထို့နောက် စုလဲ့လက်ထဲက ပေါင်မုန့်ခြောက်ကို ကြည့်ကကာ "သွားရအောင်" လို့ပြောလိုက်သည်။
စုလဲ့ဝေချုကားပေါ်တက်လိုက်တော့ သူက သူမကို အိတ်တစ်လုံးပေးလာသည်။ အိတ်ထဲမှာ ကြက်ဥပူတင်းလေးခုနဲ့ ကော်ဖိီပူပူလေးတခွက်ပင် "မိန်းကလေးတွေက ဒါတွေ စားရတာကြိုက်တယ်ကြားလို့ ဒါမဲ့ မင်းက မနက်စာစားနေပြီ နည်းနည်းလောက်ပိုစားလိုက်ရင်ကော?"
ဝေချုအမူအရာကိုမြင်တော့ စုလဲ့ပြုံးပြကာ "ကျေးဇူးပါ" လိုပြောလိုက်သည်။ စီနီယာဝေ အပြုအမူက အရမ်းစိတ်အားထက်သန်နေတာ မဟုတ်ဘူးလား မနေ့ညက အီမိုဂျီနဲစာတွေ ပြန်တွေးရင်း မု့န်ကို ကိုက်လိုက်သည်။ အရသာတ်ောတ်ောကောင်းတာပင် "အနားမှာ ကိတ်ဆိုင်တစ်ဆိုင်ရှိတယ် ပြီးတော့ သူတို့ဆီက မုန့်တွေက တကယ်မဆိုးဘူး"
စုလဲ့က ပူတင်းသိပ်မကြိုက်ပေ သူက သာမန်လူတစ်ယောက်လိုပဲ နေထိုင်တာ ထမင်းတစ်ပန်းကန်ကို ဟင်းသီးဟင်းရွက် သို့ အသားနဲ့ စားတာမျိုးပေါ့ မနက်ခင်းတွေ အလျင်မလိုဘူးဆို ဆန်ပြုတ်တစ်ပန်းကန်လောက်သောက်ပြီး ပေါက်စီလေးပြန်နွေးပြီး တစ်လုံးလောက် စားလိုက်တာမျိုးပေါ့ အလျင်လိုနေရင်တော့ ပေါက်စီအေးနေလည်း ဂရုမစိုက်တော့ဘဲအမြန်စားလိုက်တာမျိုး ပျင်းတဲ့နေ့တွေဆို သူငယ်ချင်းတွေနဲ့ ဟော့ပေါ့စားဖို့တွေ့မယ် အနောက်တိုင်းစားးစရာတွေကတော့ တတ်န်ိုင်သမျှရှောင်တယ် ဘာလို့လဲဆိုတော့ သူမ တွေးတာက ပထမ တချက် ဗိုက်မပြည့်လို့လေ ဒုတိယ တချက်က စျေးကြီးလွန်းလို့ နောက်ဆုံးတချက် တရုတ်စားစရာလောက်ကောင်းမနေဘူးလေ