အခန်း ၄၄ အကျိုးမြတ်ယူခြင်း
ထုံးကျောက်လမ်း သန့်ရှင်းတဲ့လေ ငှက်တွေတေးဆိုနေတဲ့အသံတွေအကုန်လှပတဲ့မြင်ကွင်းပင် ဒါမဲ့စုလဲ့ကတော့ သစ်ပင်တစ်ပင်မှာမှီပြီး အဲ့ဒါတွေကိုတချက်တောင်မကြည့်အား အသက်ပြင်းပြင်းရှုနေရသည်. ဘာလို့ လူတိုင်းက ပျော်ဖို့ကောင်းတယ်ပဲပြောနေကြပြီး ဘုရားကျောင်းက တောင်ထိပ်မှာရှိတယ်ဆိုတာကျ မပြောကြတာလဲပဲ တောင်တက်ရင်းတော့မသေနိုင်ပေမယ့် တက်ရင်းနဲ့ အသက်တဝက်လောက်တိုသွားသလိုပဲ
ဒီမနက် စုလဲ့နိုးလာတော့ မိုးစဲသွားပြီပင် မိုးမရွာတော့တာကြောင့် လူတိုင်းက သောက်စရာတွေယူပြီး တောင်ပေါ်တက်ဖို့ဆုံးဖြတ်လိုက်ကြတော့သည်။ အဝေးကြည့်တော့ တောင်က တအားမြင့်တဲ့ပုံမပေါ်ပေမယ့် တကယ်တန်းစတက်တော့မှ သူတို့ရဲ့အားလပ်ရက်က သန်မာဖို့လိုတယ်ဆိုတာကိုပင် စုလဲ့တက်ဖို့အားမရှိဘဲ အိမ်မှာပဲနေဖို့ မဆုံးဖြတ်ခဲ့တာကိုနောင်တရလာမိပြီပင်
ခေါင်းမော့ကာ ထုံးကျောက်လှေကားတေါကို ကြည့်ပြီး ငိုချင်လာတော့သည်။ ဒီကို ဘုရားဖူးဖို့ တိမ်ကြည့်ဖို့ လာတာမဟုတ်ဘူး ဒုက္ခခံဖို့လာတာ
"စုလဲ့ ကြိုးစားထား" ချန်ရှုက ရေနဲ့မုန့်တွေသယ်ရင်း ရှေ့ကိုလျှောက်သွားတေ့ာသည်။ အရမ်းကို မြန်မြန်နဲ့ သူတို့ကြားအကွာအဝေးက ကျယ်လာတော့သည်။ သူသယ်နေတဲ့ မုန့်တွေ ရေတွေက တစ်ရှုးတွေသယ်နေသလိုပင်
စုလဲ့ မျက်စောင်းထိုးကာ လက်သီးကျစ်ကျစ်ဆုတ်ပြီး ထပ်တက်ဖို့ပြင်သည်။ ကြည့်ကောင်းတဲ့လက်တဖက်က သူမဆီ ဆန့်ပေးလာတော့ စုလဲ့ အားနာမနေတာ့ဘဲ ထိုလက်ကိုကိုင်လိုက်သည်။ "ရှင့်ကိုမှီခိုလိုက်မယ်" သာမန်ပြောလိုက်တာဆိုပေမယ့် ဝေချုမျက်နှာအပြုံးကတော့ ပိုတောက်ပလာကာ စုလဲ့ကို သူ့နားဆွဲပြီး "စိတ်အေးအေးထားပြီး အကုန်ကိုယ်တာဝန်ထားလိုက်"
"လောင်တက တောင်ပေါ်တက်ဖို့ ကေဘယ်ကားမသုံးတာ မအံဩတော့ဘူး" ချန်ရှုက လှည့်ကြည့်ပြီးထိုမြင်ကွင်းကိုမြင်တော့ ပြောလိုက်ကာ "တကယ့်ကို နည်းလမ်းအကုန်ထုတ်သုံးနေတော့ပဲ" လို့