အခန်း ၅၇ လက်ထပ်ခွင့်
———
နောက်နေ့မနက် စုလဲ့နိုးလာတော့ ဝေချုက မနကစာပြင်ပြီးနေပြီပင် သူမ မနက်စာစားရင် ဝေချုလိုကောင်လေးရတာတကယ်ကံကောင်းသည်ဟုတွေးနေမိသည်။
အရသာရှိတာဘာမှမချက်တတ်တဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ စုလဲ့က တအားကိုတည်ငြိမ်လို့နေသည်။ မနက်စာစား အဝတ်စားလဲပြီးတော့ ၁၀ နာရီပင်ထိုးလို့နေပြီ ထင်ထားသလိုပင် အိပ်တာက အချိန်တော်တော်ဖြုန်းတာပဲ
အမျိုးသားနေ့ အားလပ်ရက်အတွင်းမှာ စူပါမားကတ် တော်တော်များများက ပရိုမိုရှင်းရှိတာကြောင့် လူတွေအများကြီးစျေးဝယ်ထွက်ကြသည်လေ စုလဲ့က ရှေ့ကလျှောက်ဝေချုက နောက်ကနေ လှည်းတွန်းပြီးသူမနောက်ကလိုက်သည်။
"ဒိဘရန်းက အာလူးကြော်အရသာသစ်ထွက်တာပဲတစ်ခုလောက်စမ်းဝယ်ကြည့်ရအောင် ဒီနို့လက်ဖက်ရည်ဘရန်းအရသာက တကယ်ကောင်းတယ် တစ်ဘူးလောက်ဝယ်ရအောင် ဒီအမဲသားချောင်းက တကယ်ဝါးလို့ကောင်းတာ တအိတ်လောက်ဝယ်ရအောင်"
ဝေချု စျေးဝယ်လှည်းနဲ့နောက်ကလိုက်ရင်း ခြင်းထဲက တဖြည်းဖြည်းများများလာတဲ့ မုန့်တွေကိုကြည့်နေမိသည်။ စုလဲ့နေ့တိုင်းဒါတွေပဲစားနေတာလားလို့တောင် သူသံသဃဝင်လာမိသည်။ ဒါတွေအားလုံးက အာဟာရမဖြစ်စေသလို အများကြီးစားရင် ကျန်းမာရေးအတွက်လည်းမကောင်းဘူးလေ
သူတို့ ဟင်းသီးဟင်းရွက်တန်းကိုရောက်တော့ စုလဲ့က ဘယ်ညာကြည့်ကာ ဘာရွေးရမှန်းမသိ အဆုံးကျ ဒီခက်ခဲတဲ့တာဝန်ကိုဝေချု့ကိုသာပေးလိုက်တော့သည်။
ဝေချုအသီးအရွက်တွေရွေးနေတာက တကယ်ကြည့်လို့ကောင်းသည်လေ လက်ဆတ်တဲ့မုန့်ညင်းရွက် အာလူးတွေတခြားအသီးအရွက်တွေနဲ့ ကို လှည်းထဲထည့်လိုက်တော့ ဝေချုက တန်ဖိုးရှိတဲ့ ပစ္စည်းတွေဝယ်နေတယ်လို့တောင် စုလဲ့သံသယဝင်လာမိတော့သည်။
အသားတန်းကိုရောက်တော့ ဝေချုက သိုးသား ဝက်သား နဲ့ကြက်တောင်ပံတွေဝယ်လိုက်သည်။ စုလဲ့က ထိုအစားအသောက်တွေ အများကြိးကိုမြင်တော့မှ တစ်ခုခုလွဲနေတာကိုသဘောပေါက်သွားကာ "ဘာလို့ အများကြီးဝယ်နေတာလဲ?" လို့မေးလိုက်သည်။