အခန်း ၂ ဘဝကြီးကရုပ်ရှင်ဆန်လိုက်တာ
"စုလဲ့ ကိုယ်မင်းကို သဘောကျတယ်" ကျန်းဝေ အပြုံးက မနက်ခင်းနေရောင်ခြည်လို တောက်ပနေကာ ဒီဇိုင်နာ အဝတ်စားတချို့ကို ဝတ်စားထားပြီး စျေးကြီးတဲ့ ကားတစ်ကားရှေ့မှာ ရပ်ကာ နတ်သမီးပုံပြင်တွေထဲက ထွက်လာတဲ့ မင်းသားလေးလိုပင်
ကံဆိုးစွာနဲ့ BMW ကားရှေ့က လူက မင်းသားလည်း ဖြစ်နိုင်သလို အလကားကောင်လည်း ဖြစ်နိုင်တာပဲ စုလဲ့က မျက်လုံးထောင့်ကနေ ထိုလူကို ကြည့်လိုက်သည်။ သူမအိမ်မက်ထဲမှာတောင် ကျန်းဝေက မောက်မာနေဆဲ
-
"အတန်းဖော်စုလဲ့ မထသေးဘူးဆို မနက်စာမရှိတော့ဘူးနော်" စုလဲ့အိပ်ရာပေါ်က ထလိုက်ချိန်မှာပဲ ချန်ယွဲ့က ဆန်းဝှစ်ချ်တစ်ခုကိုကိုင်ထားတာကို မြင်လိုက်ရသည်။ ရှုပ်ပွနေတဲ့ ဆံပင်ကိုကိုင်ကာ "နင်စားလိုက် ငါမစားချင်ဘူး"
"လမ်းခွဲတာနဲ့ အစာငတ်ပါခံတော့မလို့လား?" ချန်ယွဲ့က အိပ်ရာစီလျှောက်လာပြီး ထိုင်ကာ "ငါပြောမယ် ရှောင်လဲ့လဲ့ နင်က ချောလည်းချောတယ် အသားရေလေးကလည်း နူးညံ့နေတာ လင်းချီလို မြေခွေးမက ဘယ်လိုများခိုးဝင်လာနိုင်ရတာလဲ?"
သူမ ခရီးဆောင်အိတ်ထဲက အဝတ်စားတချို့ထုတ်ပြီးတော့ စုလဲ့က "ငါသူ့အတွက် မလုံလောက်လို့နေမပေါ့ မဟုတ်ရင်လည်း ကျန်းဝေက လွတ်မြောက်ချင်လို့နေမှာပေါ့ ငါဘာလုပ်နိုင်မှာလဲ?"
ချန်ယွဲ့က ခေါင်းခါကာ သက်ပြင်းချလိုက်သည်။ "ရှောင်လဲ့ ကျန်းဝေသာ နင်ဒီလိုပြောတာကြားရင် ဒေါသထွက်လို့ သွေးအန်နေလောက်တယ်"
စုလဲ့က ခရီးဆောင်အိတ်ကိုသန့်ရင်း ဓာတ်ပုံဘောင်တစ်ခုကို ထုတ်လိုက်မိသည်။ ပုံထဲမှာ သူမနဲ့ ကျန်းဝေက ပျော်ရွှင်စွာ ပြုံးနေခဲ့ကြတာ ဒီလိုအခြေအနေမျိုးရောက်လာလိမ့်မယ်လို့ သူမ တစ်ခါမှ မထင်ထားခဲ့ဘူး
စုလဲ့ ပုံကိုငေးနေတာမြင်တော့ ချန်ယွဲ့က နှုတ်ခမ်းကိုက်ကာ ဘာမှတော့မပြော
စုလဲ့က ကျန်းဝေမျက်နှာကို ထိကာ ရုတ်တရက် ပုံကို အမှိုက်ပုံးထဲလွှင့်ပစ်လိုက်တော့သည်။ ထို့နောက် မျက်နှာသစ်ကာ သူမ ပစ္စည်းတွေကို ရေချိုးခန်းထဲနေရာချပြီး "ရှောင်ယွဲ့ယွဲ့ ဦးလေးနဲ့ဒေါ်ဒေါ်က နင့်အပေါ် အရမ်းကောင်းတာပဲ နင်ဒိီမှာ အလုပ်လုပ်မယ်ဆိုတာနဲ့ သူတို့က နင့်ကို အိပ်ခန်းနှစ်ခန်းပါတဲ့ တိုက်ခန်း ဝယ်ပေးလိုက်တယ် လူတွေ တကယ် အားကျစရာကြီ"