အခန်း ၂၇ ယုံကြည်မှု ထိခိုက်ခြင်း
နောက်နေ့ မနက် အစော စုလဲ့ဖုန်းမြည်ကာသူမ အိပ်ရာပေါ်ကဆင်းရင်း ငှက်သိုက်လိုဖြစ်နေတဲ့ဆံပင်ကို သပ်ကာ "ဟဲလို" ဟုဖြေလိုက်သည်။
ဝေချုက သူမရဲ့အိပ်ချင်မူးတူးအသံကိုကြားတော့ ယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်။ တဖက်လူက အိပ်ချင်မူးတူးဖြစ်နေဆဲဆိုတာ သိတာကြောင့်ခပ်ဖွဖွရယ်ကာ "အာ ကိုယ်ပါ ခုထိ မနိုးသေးဘူးလား?"
"ဟမ်?" ရင်းနှီးတဲ့အသံကိုကြားတော့ စုလဲ့ ချက်ချင်းမျက်လုံးပြူးသွားကာ နံရံက နာရီကို အမြန်လှမ်းကြည့်လိုက်ပြီး ချောင်းခြောက်ဆိုးကာ "ဝေချု အာ ခနလေးစောင့်ပေး ချက်ချင်းဆင်းလာခဲ့မယ်"
သူတို့က အကင်စားမယ့်နေရာကိုသွားမှာဖြစ်တာကြောင့် ဒေါက်တို့ ဘာတို့နဲ့မသင့်တော် စုလဲ့ အမြန်အဝတ်စားလဲကာ ဘိုးဖိနပ်စီးလိုက်ပြီး အိမ်ကထွက်လိုက်သည်။
ဝေချုက စုလဲ့ကိုမြင်တော့လန့်တောင်လန့်သွားသည်။ မိတ်ကပ်လည်းမလိမ်း ဒေါက်လည်းမစီးထား လက်ကိုင်အိတ်လည်းမပါဘဲ သူ့စီပြေးလာတဲ့သူမကိုမြင်ပြီးတော့ပေါ့ စုလဲ့သူ့ရှေ့ရောက်လာမှသာ သူပြန်တုံ့ပြန်နိုင်တော့သည်။ ကားတံခါးဖွင့်ပေးပြီး "မနက်စာအရင်သွားစားပြီးမှ သွားကြတာပေါ့" လို့ပြောလိုက်သည်။
"ကိစ္စမရှိဘူး" စုလဲ့က သမ်းရင်းပြောကာ ခုံမှာမှီီပြီး ထပ်သမ်းလိုက်သည်။
"မနေ့ညက ကောင်းကောင်းအိပ်မပျော်ဘူးလား?" ဝေချုက ပြုံးရင်းမေးလိုက်သည်။
"တနေရာရာကိုခရီးမသွားခင်တိုင်း ညဆိုအိပ်ရမတော့တဲ့ ပြသာနာလေးရှိလို့" စုလဲ့က မျက်လုံးမှိတ်ရင်း "တစ်နေရာရာကို သွားရတော့မယ်ဆိုရင်ပဲ ဖြစ်ဖြစ် အလုပ်ကိစ္စခရီးသွားရတော့မယ်ဆိုရင်ပဲ ဖြစ်ဖြစ် ညလယ်ကြီးနိုးလာတတ်ပြီးတော့ နောက်နေ့ ဘာဖြစ်နိုင်မလဲဆိုတာ တွေးနေတတ်တယ် အဲ့ပြသာနာက ပြင်လို့မရဘူး"
ဝေချုမျက်မှောင်ကြုတ်ကာ "အာ့ဆိုခရီးရှည်သွားရင်ကော?"
"တူတူပဲ" စုလဲ့က မျက်လုံးဖွင့်ဖို့ကြိုးးစားပေမယ့် မရတာကြောင့် မျက်လုံးသာမှိတ်ထားလိုက်တော့သည်။