လင်းချီ ဘာလို့ ဒရာမာထဲကလို ထပ်လုပ်ပြန်ပြီလဲ သူမနားမလည် ခနလောက်ကြောင်နေပြီးမှ "ကျန်းဝေ ကိစ္စတွေငါစိတ်မဝင်စားဘူး" လို့ပြောလိုက်သည်။
"သူနိုးလာရင်လည်း နင့်ကိုပဲခေါ်နေတတ်တာ တစ်ခါတလေ ညလယ်ကြီးနိုးလာရင်တောင် နင့်နာမည်ကိုပဲခေါ်နေတုန်း" ပြောရင်း လင်းချီက အမှန်တရားကို လက်မခံချင်သလို ဆက်ပြီး "ငါသူ့ကို တက္ကသိိုလ်စတက်ကတည်းက ကြိုက်လာခဲ့တာ ငါကနင့်ထက်လည်းလှတယ် နင့်ထက်လည်းပိုသိမ်မွေ့တယ် ဒါမဲ့ ဘာလို့ သူက သူ့အပေါ် အသဲနှလုံးမရှိတဲ့ နင့်ကိုပဲ မှတ်မိရတာလဲ?"
စုလဲ့ တိတ်နေခဲ့သည်။ သူမလည်း ကျန်းဝေကို သဘောကျပေမယ့် သစ္စာဖောက်တာကိုတော့ လက်မခံနိုင် သစ္စာဖောက်မှုက သူ့အပေါ်ထားတဲ့အချစ်တွေကိုပါ အဆုံးသတ်ပေးလိုက်တာပဲ ဒါမဲ့ သူမက အချစ်ကို ဘယ်တော့မှ နံပါတ် ၁ နေရာမှာ မထားတာကြောင့် သစ္စာဖောက်လို့နာကျင်ရတောင် အေးဆေးပင်
ပြီးတော့ ကျန်းဝေသာ သူမကိုတကယ်ချစ်ရင် ဘာလို့ လင်းချီနဲ့တွဲမှာလဲ စုလဲ့နှာခေါင်းရှုံ့ကာ "နင်နဲ့ငါက နှင်းဆီနီနဲ့အဖြူလိုပဲ ကျန်းဝေဘေးမှာ ဘယ်သူပဲနေနေ သူ့အတွက် ဆူးတစ်ချောင်းပဲဖြစ်နေမှာ ကျန်းဝေက သူ့ကိုယ်သူအချစ်ဆုံးလေ ငါသူ့အကြောင်းထပ်မပြောချင်တော့ဘူးဆိုတာ နင်နားမလည်ဘူးလား?"
လင်းချီ မျက်လုံးတွေရဲလာပေမယ့် ရယ်ကာ စုလဲ့ကို ရယ်နေတာလား သူမကိုယ်သူမ လားတော့မသေချာ "နင်ကတော့ အဖြူရောင်နှင်းဆီဆိုပေမယ့် ငါကတော့ နှင်းဆီနီဘယ်တော့မှမဖြစ်နိုင်ဘူး ငါက ကျန်းဝေဒီတိုင်းအပျော်ကစားတဲ့ တစ်ယောက်သာသာပဲ အခု ငါဒီလိုမျိုးအဆုံးသတ်ရတာ ငါနဲ့တန်တယ်"
လင်းချီ ပုံစံကိုမြင်တော့ စုလဲ့ အဝေးကိုကြည့်ပြီး "နင်အများကြီးမတွေးသင့်ဘူး ငါသွားတော့မယ်"
စုလဲ့ လျှောက်သွားတာကိုကြည့်ရင်း လင်းချီက ရုတ်တရက် အသံမြင့်ကာ "စုလဲ့ နင့်အဖေက လက်ရှိ မြို့ထဲမှာပဲ ဆိုတာ နင်သိလား?"
စုလဲ့ လမ်းလျှောက်တာ ခနရပ်သွားပေမယ့် လင်းချိပြောတာကို မကြားသလို ဆက်လျှောက်သွားတော့သည်။