အခန်း ၁၀ သူတော်ကောင်းတရားများ
တချိန်တည်းမှာပဲ စုလဲ့က ကော်ဖီသောက်ရင်း ဝတ္ထုရေးလို့နေသည်။ အပြင်မှာမိုးရွာနေပေမယ့် သူမက ဝတ္ထုကို နောက်ကျတဲ့ထိ ရေးနေရသည်။ ချန်ယွဲ့ကတော့ အိပ်ရာဝင်သွားပြီပင်
အစပိုင်း နှစ်ရက်လောက်တော့ ချန်ယွဲ့က စုလဲ့လမ်းခွဲလို့ တစ်ခုခုလုပ်မှာစိုးရိမ်နေသေးတယ် ဒါမဲ့ အခုကျ စုလဲ့ဘာသာ နေချင်သလိုနေ ဆိုပြီးလွှတ်ထားလိုက်တော့တာပဲ စုလဲ့က သာမန်တိုင်း စားနေသောက်နေတာမြင်တော့ စိတ်အေးသွားပြီလေ ပြိးတော့ စုလဲ့ကလည်းလမ်းခွဲတာနဲ့ ဖြစ်ချင်တိုင်းဖြစ်ဆိုပြီး မနေဘူးလေ တကယ်တန်း ပြန်ကြည့်ရင် စုလဲ့တောင် နည်းနည်းလောက်ပို မပျော့ညံ့ပြခဲ့လို့နောင်တရနေသေးတာ
ရုတ်တရက်စုလဲ့ စာရိုက်တာ ရပ်သွားပြီး အပြင်က မိုးရေစက်တွေ မှန်ပြတင်းကိုလာရိုက်ခတ်တာကို ကြည့်နေခဲ့သည်။ သူမ အလုပ်သင်ပြိးကတည်းက ဝတ္ထုစရေးခဲ့တာ ဒါမဲ့ ကျန်းဝေကတော့ သူမကို အဲ့ကိစ္စနဲ့ပက်သက်ပြိးဘာမှမမေးခဲ့ဘူးလေ သူမ ကလောင်နာမည်တောင် မမှတ်မိဘူး ဒါမဲ့ သူစိတ်မဝင်စားဖို့ သူမလည်း စိတ်ထဲ မထားခဲ့ဘူးလေ တကယ့်အကြောင်းအရင်းကိုတော့ သူမ မသိခဲ့ဘူး သူစိတ်မဝင်စားလို့မဟုတ်ဘဲ သူမအကြောင်းမတွေးလို့ဆိုတာ လူတွေက အဲ့ဒါကြောင့် ယောကျ်ားတစ်ယောက်က မင်းကိုချစ်တယ်ပြောတိုင်း အမှန်မဟုတ်နိုင်ဘူး ဒါမဲ့ မင်းကို မချစ်ဘူးလို့ပြောရင်တော့ တကယ်မချစ်တာလို့ ပြောကြတာ
စုလဲ့ နဖူးကိုပွတ်လိုက်သည်။ ကမ္ဘာပေါ်မှာယောကျ်ားကောင်းတွေအများကြီးရှိတာကို ဘာလို့ကောင်းကင်ဘုံက သူမကိုအမှိုက်အိတ်ကြီးလာပေးရတာလဲ
ကော်ဖီပြင်းပြင်းသောကရင်း စုလဲ့ ဆက်ပြီး ဝတ္ထုကို အာရုံစိုက်ထားလိုက်သည်။ သူမ ဝတ္ထုထဲမှာ အမျိုးသာားဇာတ်ဆောင်က အမျိုးသမီးဇာတ်ဆောင်ကို ရအောင်ကြိုးစားနေတာလေ လက်တွေ့က ခါးသီးနိုင်ပေမယ့် ဝတ္ထုထဲမှာတော့ ချိုတဘ်လေ စုလဲ့က သူမ ကာရိုက်တာပိုင်းဆိုင်ရာ ရောဂါခံစားနေရတယ်လို့တောင်တွေးနေမိတာ ဝတ္ထုနဲ့ လက်တွေ့နဲ့ရောနေလို့လေ