အခန်း ၅၆ ဝေချုရဲ့သိမ်မွေ့မှု
————
ထိုညက စုလဲ့ ဝေမိသားစုရဲ့ဂရုတစိုက်ကျွေးမွေးမှုကြော့င် စုလဲ့ ထမင်းနှစ်ပန်းကန်လောက်စားလိုက်မိသည်။ သူမ တအားဗိုက်ပြည့်သွားပြီး ညဘက်နောက်ကျမှသာ အိပ်ပျော်သွားတော့သည်။
နောက်နေ့ မနက် နိုးလာပြီး အိပ်ရာပေါ်ကဆင်းတော့ စုလဲ့ သူမရဲ့မနက်ခင်းပုံမှန်လုပ်ရိုးလုပ်စဉ်တွေမလုပ်ခင် အသက်ပြင်းပြင်းရှုထုတ်တာ အကြိမ်တချို့လုပ်လိုက်သေးသည်။ အိမ်ခြံဝင်းပတ်လည်မှာ အပင်တွေပန်းတွေ အများကြီးရှိတာကြောင့် လေက လတ်ဆတ်လို့နေတာပင်
မနက်စာစားပြီးတော့ စုလဲ့နဲ့ဝေချု အကြီးတွေနဲ့ ခနလောက်စကားပြောဆိုပြီးမှ ပြန်ဖို့ပြင်သည်။ ဝေ မားမားကက သူမ ပြင်ဆင်ထားတဲ့စားစရာတချို့ပေးပြီးမှ သူတို့ကိုပြန်ခွင့်ပြုလိုက်သည်။
"ဒေါ်ဒေါ်နဲ့ ဦးလေးက တအားသဘောကောင်းတာပဲ" စုလဲ့ ကားထဲမှာထိုင်ပြီး မနေ့က သူတို့စကားပြောခဲ့ကြတာာကိုပြန်တွေးနေမိသည်။ သူမထင်ထားတာထက် အများကြီးပိုပျော်ဖို့ကောင်းနေတာကြောင့်င သူမ တအားကို ပျော်နေမိသည်လေ
"ရင်မတုန်တော့ဘူးပေါ့?" ဝေချုက ကားမောင်းရင်း "ကိုယ်မင်းကို စိတ်မပူဖို့ပြောသားပဲ ကိုယ်မားမားကမင်းနောက်ခါလာလည်ရင် လက်ဆောင်တွေအများကြီး ဝယ်လာစရာမလိုပါဘူးတဲ့"
စုလဲ့ ခေါင်းလေးငုံ့ပြီး ပြုံးလို့နေသည်။ သူ့စကားတွေကိုခွန်းတုံ့မပြန်သလို ဘာမှလည်းပြန်မပြောခဲ့
ဝေချုက သူမကိုတချက်လှမ်းကြည့်လာပြီးတောက်ပစွာပြုံးလိုက်သည်။
သူ့မိဘတွေကိုတွေ့ပြိးနောက် ဝေချုနဲ့စုလဲ့ ဆက်ဆံရေးက ပိုပိုရင်းနှီးလာကြသည်။ တစ်ခါတလေစုလဲ့ဘက်က အရင် ဝေချု့ဗီလာလေးကိုသွားပြီး ထမင်းတနပ် အလကားသွားစားသလို တူတူဟင်းချက်ကြသည်လေ ခံစားချက်က သိပ်တော့မဆိုး
ညကျ တူတူလမ်းလျှောက်ကြသည်။ နေ့ခင်းဘက်တွေကျအချိန်ရရင် မြို့ထဲသွားလည်ကြသည်။တဖြည်းဖြည်း ပိုပိုရင်းနှီးလာကာ တစ်ယောက်နဲ့တစ်ယောက်ပိုပိုလည်းနားလည်လာကြသည်။ သူတို့တူတူရှိရင် သူတို့က ခုမှစကြိုက်တဲ့သူတွေနဲ့မတူဘဲ သူတို့က နားလည်မှုအပြည့်ရှိတဲ့နှစ်အကြာကြီးတွဲလာတဲ့အတွဲနဲ့တောင် တူကြသည်လေ