အခန်း ၆ စတင်ပိုးပန်းခြင်း
ထွက်သွားပြီးတော့ ဝေချုက တက်စီတစ်စီငှါးလိုက်သည်။ သူလည်း ညစာစားတုန်းက သောက်ထားတာကြောင့် ကားမောင်းဖို့ အစီစဉ်မရှိ
ဝေချုက စုလဲ့အတွက် တက်စီတံခါးဖွင့်ပေးဖို့ရှိသေး စုလဲ့က တက်ချသွားကာ ရှက်တဲ့အမူအရာလည်းမပြ
ဝေချုက ရယ်လိုက်ကာ တက်စီပေါ်တက်လိုက်သည်။ စုလဲ့က လိပ်စာကိုပြောပြီးတော့ ဝေချုဘက်ကိုလှည့်ကာ "ဒီညအတွက်တကယ်ကျေးဇူးတင်ပါတယ် စီနီယာကြောင့်သာမဟုတ်ရင် ကာရာအိုကေသွားဖို့ ဆွဲခေါ်ခံနေရလောက်ပြီ" သူမရဲ့ထွေနေတဲ့ နားထင်ကိုနှိပ်ကာ စုလဲ့ခနလောက်ရပ်ပြီးမှ ထပ်ပြီး "ပြီးတော့ စီနီယာ ကြောင့်သာမဟုတ်ရင် ပြသာနာထဲ ဆွဲသွင်းခံနေရလောက်ပြီ" ကျန်းဝေ အကြောင်းတွေးမိတာနဲ့ သူမ အလိုလိုမျက်မှောင်ကြုတ်လိုက်မိသည်။
"မင်း ကိုယ့်ကို တကယ်ကျေးဇူးတင်ချင်တယ်ဆို ကိုယ့်ကို ထမင်းကျွေးလေ" ဝေချုက ပြုံးကာ သူ့ဖုန်းကိုထုတ်ပြီး "မင်းဖုန်းနံပါတ်က ဘာလဲ?"
စုလဲ့ ခနလောက်ကြောင်သွားပြီးမှ သူမဖုန်းကိုထုတ်ကာ "၁၃၅******" လို့ပြောလိုက်သည်။ ဝေချုက သူမ ယဉ်ကျေးပြနေတာကိုနားမလည်တာလား ကျေးဇူးတင်တာတောင် ထမင်းကျွေးခိုင်းနေတယ်
သူမ နံပါတ်ကိုနှိပ်နေရင်း ဝေချုက ရယ်ကာ "မနက်ဖြန်ညအားလား အားရင် မနက်ဖန်စားရအောင်"
"အာ အိုခေ" စုလဲ့လည်း သူမ ဖုန်းကို အိတ်ထဲပြန်ထည့်လိုက်သည်။ သူ့ကိုတကယ်ထမင်းကျွေးဖို့ ဘယ်တုန်းကများ သဘောတူလိုက်လို့လဲ ခနလောက်တွေးပြီးမှ သူမ သဘောမတူထားတာကို သတိရလိုက်သည်။ ဝေချုက ကုမ္ပဏီတစ်ခုတောင်ပိုင်တာကို ထမင်းစားဖို့ ဘာလို့ အတင်းတိုက်တွန်းနေတာလဲပဲ?
-
စုလဲ့ ယာယီအိမ်ကိုရောက်တော့ စုလဲ့ အမြန်တက်စီ တံခါးကိုဖွင့်ကာ ဝေချုကိုတောင်ကျေးဇူးမတင်ဘဲထွက်သွားတော့သည်။ ဝေချု ပါးစပ်ဟမလို့ရှိသေး စုလဲ့က ထွက်သွားပြီပင် တော်ကြာ ဒီလူက သူမကို တစ်ခုခုသောက်ဖို့ ဖိတ်ခိုင်းနေရင် ဘယ်လိုလုပ်မလဲ သူမ ဒုက္ခမရှာချင်ပါဘူး