စုလဲ့ စတာကိုနားထောင်ရင်း ရှောင်ယောင်က "နင် ငါ့အစ်ကို ဝမ်းကွဲကိုသိတယ်လား?"
စုလဲ့ခေါင်းငြိမ့်ပြကာ "ဝေချုက တက္ကသိုလ်တုန်းက ငါစီနီယာလေ ဒါမဲ့ နောက်ဆုံးကျောင်းသာားတွေ့ဆုံပွဲမှာမှ တွေ့ကြတာပါ"
"နင် ကျောင်းသားသမဂ္ဂမှာ ပါဖူးတာလား?"ရှောင်ယောင် ရုတ်တရက် သိချင်စိတ်တွေအပြည့်နဲ့မေးလိုက်သည်။
"ဘယ်လိုသိတာလဲ နင်" စုလဲ့ ရှောင်ယောင်ကို ကြည့်ပြီး လန့်သွားကာ "နင်နဲ့ငါနဲ့လည်းကျောင်းနေဖက်တွေများလား?" သူမ မှတ်ညဏ်က တအားဆိုးနေတာလား ဝေချုကော ရှောင်ယောင်ကိုပါ မမှတ်မိနိုင်တဲ့ထိလေ
ရှောင်ယောင်မျက်လုံးတွေ တောက်ပလာပြိီး စိတ်တွေလှုပ်ရှားးလာကာ "ဆိုတော့ နင်ပေါ့ ငါ ဘာတွေဖြစ်နေတာလဲ အံဩနေတာ နင့်ကိုပြောပြမယ််......"
"ရှောင်ယောင် ဒီမှာ ဘာလုပ်နေတာလဲ? ဒုတိယဦးလေးနဲ့ဒေါ်လေးရှာနေကြတယ် ဧည့်သည်တွေပြန်ကြတော့မှာ လိုက်ပို့ရယ်လေ" ထိုချိန်မှာပဲ ဝေချုပေါ်လာပြီး ရှောင်ယောင်ခေါင်းကိုပုတ်လိုက်သည်။
ရှောင်ယောင်လည်း စုလဲ့နဲ့ဆက်မပြောနိုင်တော့ဘဲ အမြန်ထွက်သွားရတော့သည်။
စုလဲ့က ရှောင်ယောင်ထွက်သွားတာကို ကြည့်ပြီး ခေါင်းခါရင်း သက်ပြင်းချကာ "ပျော်ရွှင်မှုထဲ နစ်ဝင်နေတဲ့ မိန်းမတွေအားလုံးက ဒီလိုပါပဲလား" သာမန်ပျင်းပြီး ဘာမှဂရုမစိုက်တတ်တဲ့ရှောင်ယောင်က တနေ့ ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ
"ရှောင်ယောင်ကို ကိုယ်ထက် မင်းက အများကြီးပိုသိနေသလိုပဲ" ဝေချုက စုလဲ့ဘေးမှာရပ်ပြိး "ရှောင်ယောင်က ငယ်ငယ်ကတည်းက အလိုလိုက်ခံလာရတာ သူမကို သည်းခံနိုင်တဲ့လူနဲ့တွေ့တာ တကယ်ကံကောင်းတာပဲ"
"ရှင်မှားနေပြီ ရှောင်ယောင်ကို အလိုလိုက်ဖို့ သူ့မှာ ကံပါလာတာလို့ပြောရမှာ" စုလဲ့က ယုံကြည်ချက်ရှိစွာ သူမ သူငယ်ချင်းဘက် ဝင်ပြောသည်။ "ကျွန်မတို့ မိသားစုဝင်ရှောင်ယောင်က လှတယ် ထက်တယ် စည်းစနစ်ကျတယ် ဆိုတော့ ဘယ်နား မကြိုက်ချင်စရာရှိလဲ?"