အခန်း ၂၈ နာကျင်မှုကို ခံစားနေရခြင်း
စုလဲ့နဲ့ဝေချု ရောက်တဲ့ချိန် အစပိုင်း ဆော့နေကြတဲ့ ဝန်ထမ်းတွေအားလုံးကက ကိုယ်စီ အဖွဲ့သေးသေးလေးတွေဖွဲ့ထားကြပြီပင် သူတို့က သူတို့ကိုယ်ပိုင်စားစရာတွေကို ကင်ရင်း တခါတလေသူတို့ဘောစ့်နဲ့ သူတို့ဘောစ့်ဘေးက မိန်းမလှလေးကို လှမ်းကြည့်တတ်ကြသည်။
"ဘာစားချင်လဲ?" ဝေချုက အင်္ကျီလက်တွေကိုခေါက်တင်ရင်း စုလဲ့ကို လှည့်မေးလိုက်သည်။
သူ့လက်ရှိ မျက်နှာထားအရ သိပ်မကြာခင်က ခံစားခဲ့ရတဲ့ နာကျင်မှုကနေ ပြန်ကောင်းသွားပုံပင်"စုလဲ့ အဲ့ကနေ ကြိုက်တာယူလို့ရတယ်" စုလဲ့စီ ချန်ရှုက ဗန်းတစ်ခုနဲ့လျှောက်လာရင်းဆိုသည်။ ဖန်အိမ်လေးတစ်ခုကို ညွှန်ပြလိုက်ကာ ထိုဖန်အိမ်ထဲမှာ သစ်သီးတွေနဲ့ အသီးအရွက်တွေမျိုးစုံရှိလို့နေသည်။ စုလဲ့လည်း တခြားစင်တွေကိုညွှန်ပြကာ "အဲ့ဒါတွေကကော?"
"အို့ အဲ့ဒါတွေလည်း တူတူပဲ လူတိုင်းက အကြိုက်မတူတွေ ရွေးချယ်စရာများများရှိတာကောင်းတာပေ့ါ" ချန်ရှုကပျော်ရွှင်စွာရယ်ကာ "ဘာပဲဖြစ်ဖြစ် ဘောစ့်ကျွေးတာဆိုတော့ မင်းခြိုးခြုံနေစရာမလိုဘူး"
စုလဲ့က ဝေချုကို တချက်လှမ်းကြည့်ပြီး ချောင်းခြောက်ဆိုးလိုက်သည်။ "ဘောစ့်ရှေ့မှာ တအားပွင့်လင်းပြစရာမလိုပါဘူး ဟုတ်တယ်မလား?" သူမအရင်ဘောစ့်သာ ဝန်ထမ်းတွေဖြုန်းတီးနေတာသိရင် သူတို့သေချာပေါက် အအော်ခံနေရပြီပင်
"စိတ်မပူပါနဲ့ ဘော့စ့်က ကျင့်သားရနေပြီ" ချန်ရှုက ပုခုံးတွန့်ပြီး အမဲသားနဲ့ကြက်တောင်ပံတွေယူဖို့လှည့်လိုက်သည်။ သူလိုချင်တာရတော့ ကင်တဲ့စီ ဦးတည်လိုက်တော့သည်။
အဆုံးကျ စုလဲ့ ဖန်အိမ်ကို မသွားတော့ဘဲ စင်ပေါ်က သူမလိုချင်တာ တချို့ယူကာ သူမဗန်းကို သယ်ပြီး ဝေချုစီသွားကာ "အစပ်လေးလုပ်ပေးရင် ကောင်းမယ်"
ဝေချုက ကြက်တောင်ပံတချို့ကိုယူပြီး ခြင်းထဲက အသားတွေကိုယူကာ ဆော့တချို့ သုတ်ပြီးမှခေါင်းငြိမ့်ပြလာခဲ့သည်။ "ကောင်းပြီလေ အို့ မင်း မှိုကြိုက်ရင်လည်း ယူခဲ့လို့ရတယ် ကိုယ်အသီးအရွက်ကင်တဲ့ စကေးကလည်းတအားမဆိုးပါဘူး"