အခန်း ၂၁ စိတ်ဓာတ်ကျ
ဝေချုက အလုပ်မှာသေချာအာရုံစိုက်နေကာ စုလဲ့ ဝေချုအလုပ်လုပ်တာကို ပထမဆုံးအကြိမ်မြင်ဖူးတာပင် ရုတ်တရက် သူမ စာရေးဆရာသူငယ်ချင်းတစ်ယောက်ပြောနေကျစကားကို သတိရလိုက်သည်။ ယောကျာ်းတွေက အလုပ်မှာအာရုံစိုက်နေချိန်ဆို တအားကြည့်ကောင်းတယ်ဆိုတာပင် စုလဲ့ ဝေချုကို ဘေးတိုက်ကြည့်နေရင်း သူမသူငယ်ချင်းပြောတာကို သဘောတူလိုက်သည်။
အလုပ်မှာ အာရုံပြန်စိုက်ကာ ဝေချုနဲ့ ပူးပေါင်းဖို့ ဆွေးနွေးလိုက်သည်။ စုလဲ့က ပူးပေါင်းမှု အသေးစိတ်ကို သေချာနားမလည်တာကြောင့် ကုမ္ပဏီဒေတာအကြောင်းအများကြီးမပြောနိုင် ဝေချုကသတိထားမိပေမယ့် ဘာမှမပြောဘဲ မေးခွန်းတွေ အသေးစိတ်ကျကျမမေးဖို့သာ အာရုံစိုက်ထားလိုက်သည်။
ဝေချုနဲ့ နေ့လည်စာတူတူစားပြီးတော့ စုလဲ့ ပိုင်ရှန်းကို ပြန်လာခဲ့သည်။ လက်မှတ်ထိုးထားတဲ့စာချုပ်ကို ရုံးခန်းထဲ ယူသွားပြီးမှ ဘောစ့်ပါ ရုံးခန်းထဲ ရှိနေတာကို သတိထားလိုက်မိသည်။
"ဘောစ့် စီမံကျန်း" စုလဲ့ဝင်ပေါက်မှာပဲရပ်ကာ သူမ အထဲကိုဝင်သင့်မဝင်သင့် မသေချာတော့
"စုလဲ့ မြန်မြန်ဝင်ခဲ့"ကျန်းတင်းက အပြုံးတစ်ခုနဲ့ "ကျင်ချုက ဘောစ့်ဘာပြောလဲ?"
"ဘာမှထွေထွေထူးထူးတော့ မပြောပါဘူး" စုလဲ့ ရုံးခန်းထဲ ဝင်ပြီး ကျန်းတင်းစားပွဲပေါ်စာချုပ်တင်ပေးလိုက်သည်။
ကျန်းတင်း မပျော်မရွှင်ဖြစ်သွားကာ "ဝေချုမှာ အကြံပြုချက်တွေဘာတွေရှိိလို့လား?" တကယ်လို့ ဘာမှမပြောရင် ဒီပူးပေါင်းမှုက ခက်ခဲတော့မည်လေ
"အကြံပေးတာ?" စုလဲ့သေချာနားမလည်တော့
"ဒါက စီမံကျန်း ချီးကျုးနေတဲ့ ဝန်ထမ်းသစ်လား?" ဘေးမှာရပ်နေတဲ့ ယောင်ပိုင်ရှန်းက နောက်ဆုံးတော့ ပြောလာပြီပင် "စိုးရိိမ်စရာမလိုပဘူး အဲ့ကောင်လေးက အမြဲအဲ့လိုပဲ တကယ်လို့ ပူးပေါင်းလို့မရဘူးဆိုလည်း ထားလိုက်ပါ" ယောင်ပိုင်ရှန်းက တအားမျှော်လင့်မထားဘူးလေ လူကြီးတစ်ယောက်အနေနဲ့ သူ့ကုမ္ပဏီပဲ အကျိုးရမှာမျိုးအတွက် ပူးပေါင်းခိုင်းတာ မဆီလျော်ဘူးလေ။ ဝေချုငြင်းတာကိုလည်း အပြစ်တင်လို့ဘယ်ရမလဲ