အခန်း ၄၀ ကံ
"မင်းနဲ့ စုလဲ့နဲ့လမ်းခွဲပြီးပြီမို့ မင်းအဲ့အကြောင်းထပ်မတွေးနဲ့တော့"
"မား!"
"ဒီတစ်ခါ မင်းမှားတာ ရှောင်ဝေ လူတိုင်းက မင်းကို ဗဟိုပြုပြီး လည်ပတ်နေတာမဟုတ်ဘူး မင်းကောင်မလေးကိုသစ္စာမဲ့လိုက်တဲ့အချိန်ကတည်းက အကျိုးဆက်တွေကိုလည်း မင်းတွေးထားခဲ့သင့်တာ" ကျန်းဝေအမေက ခုနကလို သိမ်မွေ့မနေတော့ဘဲ စတီယာရင်ကိုကျစ်ကျစ်ဆုတ်ထားတဲ့သူ့သားကို မျက်နှာတည်နဲ့ကြည့်လာခဲ့သည်?
"မင်းအဖေက တာဝန်သိစိတ်အပြည့်ရှိတဲ့လူတစ်ယောက် မင်းသူ့စီကနေ အဲ့အရာကိုမသင်ယူခဲ့တာ ငါတအားနောင်တရတယ် မင်းငယ်ငယ်တုန်းက ငါတို့မိသားစုစီးပွါးရေးအခြေအနေကတအားတိုးတက်လာလို့ မင်းက ခက်ခဲမှုတွေ ပင်ပန်းမှုတွေကိုမသိဘူး နောက်ပိုင်း မင်းအရွယ်ရောက်လာတော့လည်း အဆင့်တွေကော ရုပ်ရည်ကော ကြည့်ကောင်းနေတာ မိသားစုက ချမ်းသာနေတာကြောင့် မင်းက ရှုံးနိမ့်ခြင်းကို အတွေ့အကြုံမရှိခဲ့တာ"
"စုလဲ့ကို ငါတို့နဲ့တွေ့ပေးဖို့ အိမ်ခေါ်လာတဲ့အချိန်ကိုမှတ်မိသေးလား?' အမေကျန်း က သူမသားမျက်နှာက နာကျင်နေတဲ့ အမူအရာကိုမြင်တော့ သက်ပြင်းချကာ "ရှောင်ဝေ မင်းဒီကိစ္စကနေ သစ္စာရှိမှုဆိုတာ ဘာလဲ သင်ယူနိုင်ဖို့ မားမျှော်လင့်တယ် ချမ်းသာတာနဲ့ သူများခံစားချက်ကိုမကစားရဘူး"
ကျန်းဝေ သူ့အမေပြောတာနားထောင်ပြီး စုလဲ့တစ်ခါက ပြောဖူးတာကို သတိရလိုက်သည်။
"ကျန်းဝေ.....နင်ပြောင်းလဲသွားရင် ငါနင့်ကိုဆွဲထားမှာမဟုတ်ဘူး"
သူခုထိ....စုလဲ့ကို သဘောကျနေဆဲပင်
——
ဝေချုကားစက်ပိတ်လိုက်တဲ့ချိန်ထိ စုလဲ့က အိပ်ပျော်နေတာကြောင့် သူမကိုကျောပိုးကာ အပေါ်ထပ်ကိုတက်လိုက်သည်။ စုလဲ့နေတဲ့တိုက်ခန်းက ဓာတ်လှေကားမရှိသလို သူမကလေးလွှာမှာနေတာပင် ဆိုတော့ ဝေချု သူမကိုကျောပိုးပြီးလှေကားတက်ရတော့သည်။ အလုပ်ဆင်းပြီးပြန်လာတဲ့သူတွေက သူ့ကိုကြည့်ကြည့်သွားကြသေးသည်။