အခန်း ၁၃
"စုလဲ့ တိုက်ဆိုင်လိုက်တာ" ကျန်းးဝေက စုလဲ့မျက်နှာချင်းဆိုင်က ဆိုဖာမှာထိုင်ကာ ပြောလာသည်။ လင်းချီဘေးမှာထိုင်ရမယ့်အစားလေ
-
တိုက်ဆိုင်မှုလို့တော့ စုလဲ့မထင် လင်းချီနဲ့တွေ့တာနဲ့တင် ကံဆိုးနေပြီကို နှစ်ယောက်လုံးကိုတွေ့လိုက်ရတော့ စုလဲ့ သူမကံက တော်တော့်ကိုဆိုးဝါးတာလို့ ခံစားလိုက်ရသည်။
ဒီကမ္ဘာမှာ လူတွေက ကိုယ်မုန်းတဲ့သူ ကိုယ့်ရှေ့ဆက်တိုက်ပေါ်လာရင် သေချာပေါက်စိတ်အခြေအနေက ဆိုးဝါးနေမှာပဲ မကောင်းတဲ့က်ဆံရေးပဲ စုလဲ့က စိတ်ထဲမှာ သူမကိုယ်သူမ ပညာရှိတဲ့လူလို့ ပြောနေပြီးမှ ကျန်းဝေကို "အင်း တိုက်ဆိုင်တာပဲ" လို့ပြန်ပြောလိုက်သည်။
"ဝေချု တွဲဖက်အဖြစ် ဒီပါတီကိုလာတာလား?" ကျန်းဝေလေသံက စစ်မေးနေသလိုပင်
ဘယ်လိုဖြေသင့်လဲဆိုတာ စုလဲ့တွေးပြီးမှ "ငါ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို လာစိတ်ဝင်စားနေတာလား?" သူမ မျက်လုံးထဲလှောင်ရိပ်တချို့နဲ့ ကျန်းဝေမှာ သူမကို လာပြီးလှောင်ရယ်ဖို့ ဘာအခွင့်ရှိလို့လဲ?
လင်းချီက အရင်ဖြတ်ကာ "စုလဲ့ ငါ့ကိုနင်မုန်းနေတယ်ဆိုတာ သိပါတယ် ဒါမဲ့ ငါ့ကွယ်ရာမှာတော့ ငါ့မကောင်းကြောင်းမပြောသင့်ဘူး"
"ဘာလို့ ငါနင့်ကိုမုန်းရမှာလဲ?" စုလဲ့က လှောင်ရယ်ချင်စိတ်ကိုဖုံးကွယ်မထားဘဲ "နင့်ကိုသူများတွေ သဘောမကျတာ ငါနဲ့ဘာဆိုင်လဲ?" စုလဲ့က လင်းချီကို ကြည့်ပြီးမှ ကျန်းဝေဘက်လှည့်ကာ "နင့်အကြိုက်က တကယ်မဆိုးဘူးပဲ"
ကျန်းဝေ မျက်နှာထားတွေ ပြောင်းလဲနေတော့သည်။ လင်းချီရဲ့ ပြင်ဆင်မှုတွေက ဒီည အတွက် မသင့်တော်ဘူးဆိုတာ သူသိပေမယ့် စုလဲ့ပြောတာကြားတော့ သူတကယ်မျက်နှာပျက်ရသလို ခံစားလိုက်ရတာ
စုလဲ့ကကျန်းဝေ မျက်နှာထားပြောင်းနေတာကိုမြင်တော့ ခပ်ဖွဖွရယ်ကာ လင်းချီကို အေးစက်စွာကြည့်ပြီး ပထမဆုံးအကြိမ် ကြမ်းတမ်းစွာပြောတော့သည်။ "နင်ကိုယ်နင် ထူးခြားနေတယ်မထင်နဲ့ အဆုံံးကျ နင်က ဒီတိုင်းကစားစရာတစ်ခုသာသာပဲ နင့်ကိုယ်နင်တောင် မလေးစားရင် ငါ့ရှေ့နောက်ထပ်် ဘယ်တော့မှ ပေါ်မလာနဲ့ နင်က ကျန်းဝေ မိန်းမလည်း ဖြစ်လာနိုင်မှာမဟုတ်ဘူး ဖြစ်လာရင်တောင် နင်ငါ့က် ဘာမှ သာနေမှာမဟုတ်ဘူး" ကျန်းမိသားစုက စီနီယာ နှစ်ယောက်က လင်းချီလို လူမျိုးကို ကျန်းမိသားစုထဲ ဝင်ခွင့်ပြုမှာမဟုတ်ဘူး