အခန်း ၂၆ ကံ
စုလဲ့နဲ့ဝေချုပြန်တော့ ညနေ ၄ နာရီထိုးနေပြီပင် ရှောင်ယောင် ကားတစ်စီးပေါ်တက်ပြီး မသွားခင် စုလဲ့လက်ထဲ မုန့်အချိုတွေ အများကြီး ထည့်ပေးလိုက်ပြီး သူမကို ရှင်းပြသေးတာက ပွဲက လေထုများများရပြီး သူမလည်း မြန်မြန်လက်ထပ်နိုင်အောင်တဲ့ စုလဲ့က မုန့်တွေအတွက်ကျေးဇူးတင်လိုက်ပေမယ့် လက်ထပ်ဖို့ကြောင်းကိုတော့ လုံးဝ လျစ််လျုရှုလိုက်သည်။
ကားပေါ်မှာ ထိုင်နေရင်း စုလဲ့ တောက်လျှောက်သမ်းလို့နေသည်။ဝေချုကို ကြည့်လိုက်တော့ သူ့မျက်လုံးတွေက လမ်းမပေါ်မှာပင် စုလဲ့ ကားမောင်းနေရင်း ယာဉ်မောင်းကို စကားမပြောရဘူးဆိုတဲ့ စည်းကမ်းကိုမေ့သွားပြီးတော့ "ရှင်နဲ့ရှောင်ယောင်ကဆွေမျိုးတွေလို့ ဘယ်သူက ထင်မှာလဲ ကမ္ဘာကြီးက တကယ့်ကိုကျဉ်းတာပဲ"
"ကမ္ဘာကြီးက အဲ့လောက်လည်း ကြီးမနေပါဘူး" ဝေချုက ရှေ့ကိုကြည့်ရင်းနဲ့ဆက်ကာ "တချို့လူတွေက တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံဖို့ကို အကွေ့အကောက်တွေ အများကြီးကျော်ဖြတ်ရတယ် အဲ့ဒါကို ကံလို့ခေါ်တယ်"
"တချိုု့ကံတွေက အကောင်းနဲ့အဆိုးကြားဒွန်တွဲနေတာ" စုလဲ့ ခုံပေါ် တခြားပုံစံတမျိုးနဲ့ထိုင်ရင်း လွန်ခဲ့ရက်တွေကတင် ရှောင်ယောင်က သူမ ဝမ်းကွဲနဲ့သူမကိုမိတ်ဆက်ပေးမယ်လို့ပြောထားတာကို သတိရလိုက်သည်။ စုလဲ့ရယ်ချင်လာတော့သည်။
ဝေချုက တစ်ယောက်ယောက်ကြောင့်တဖက်လူကို စိတ်ဝင်စားမယ့်လူမျိုးမဟုတ်ဘူးလေ
"ကောင်းကင်ဘုံက မင်းကံကို ဆုံးဖြတ်နိုင်ပေမယ့် ကောင်းလားဆိုးလားဆိုတာကတော့ မင်းကိုင်တွယ်တဲ့အပေါ်မှာမူတည်တယ်လေ" စုလဲ့ တောက်လျှောက်သမ်းနေတာမြင်တော့ "ပင်ပန်းရင်တရေးလောက်အိပ်လိုက်လေ ရောက်ရင် ကိုယ်နှိုးပေးမယ်"
"ဘာမှမဖြစ်ပါဘူး" စုလဲ့ခေါင်းခါကာ "စကားပြောမယ့်သူမရှိဘဲ ကားမောင်းရတာ ပျင်းဖို့ကောင်းတယ် စကားပြောပေးနေမှာဆို ရှင်ပြောချင်တာသာပြော"
ဝေချု စုလဲ့ကို တချက်လှမ်းကြည့်ပြီး သူမ စိတ်ပျော်နေတာမြင်တော့ လမ်းမပေါ်အကြည့်ပြန်ထားကာ "မင်းဘာပြောချင်လဲ?"