အခန်း ၆၀ ဟဲလို မိန်းမ
——-
မိန်းကလေးတစ်ယောက်ရဲ့အလှဆုံးအချိန်က သတို့သမီးဖြစ်တဲ့အချိန်ပင်
စုယွမ်ရှုက ရှေ့ဆုံးတန်းမှာထိုင်နေခဲ့သည်။ စိမ်းလန်းစိုပြေနေတဲ့မြက်ခင်းပြင်နဲ့အိမ်မက်တစ်ခုလို မင်္ဂလာအခမ်းအနားကိုကြည့်လိုက်သည်။ သီချင်းသံထွက်ပေါ်လာတော့ လှပတဲ့ သတို့သမီးဝတ်စုံလေးနဲ့ သူမ သမီးလေးလျှောက်လာတာကိုကြည့်လိုက်သည်။ သူမ သမီးနဲ့အမျိုးသားတစ်ယောက်က ဘေးချင်းယှဉ်တွဲပြီး တူတူလျှောက်လာကြတာပင်
လက်ခုပ်သံတွေ ပန်းတွေ သီချင်းသံတွေ အပြည့် စုယွမ်ရှု မျက်လုံးတွေနီနေကာ သူမ သမီးလေးကို ကြည့်နေမိသည်။ သူမဘဝနဲ့ သူမ သမီးဘဝက ဘယ်တော့မှတူမှာမဟုတ်ဘူး လုံးဝကွဲပြားနေမှာပင်
နှစ်သစ်ကူးနေ့မှာ ရှောင်လဲ့က အမျိုးသားတစ်ယောက်ကို အိမ်ပြန်ခေါ်လာလိမ့်မယ်လို့ သူမ မထင်ထားခဲ့ သူမ သမီးနဲ့ကျန်းဝေ လမ်းခွဲလိုက်ပြီးဆိုတာ သူမ သိသည်လေ အမေတစ်ယောက်အနေနဲ့ ဒီလိုကိစ္စမျိုးကလွဲပြီး ကျန်တဲ့ဘယ်အရာမဆိုကူညီပေးနိုင်သည်လေ ဒီလိုအခြေအနေကတော့ ဘယ်သူမှ မကူညီနိုင် သူတို့ ဘာသာာတွေးခေါ်နိုင်ဖို့ပဲ မျှော်လင့်ရမှာပင်
စု မားမားက ဝေချု့ကို ပထမဆုံးအကြိမ်တွေ့တဲ့အချိန်ကို သတိရလိုက်မိသည်။ သူမ သမီးက ကျော့ကျော့ရှင်းရှင်း နဲ့အိတ်တစ်လုံးသယ်ပြီးထိုကြည့်ကောင်းတဲ့လူကတော့ အိတ်တွေအများကြီးသယ်ကာ စုလဲ့နောက်က လိုက်လာတာပင် အဆင့်အတန်းမြင့်တဲ့လူဆိုပေမယ့် စုလဲ့ကိုအကုန်လုပ်ပေးနေခဲ့တာ
စုလဲ့ကို တဘဝလုံးကောင်းကောင်းဆက်ဆံပြီး သစ္စာမဖောက်ပါဘူးလို့လည်းပြောခဲ့သေးသည်။
ဒါမဲ့ အဲ့လိုစကားတွေ သူမ အရင်ကလည်းကြားဖူးသည်လေလွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကလည်း ရှောင်လဲ့အဖေက အဲ့လိုပဲပြောခဲ့တာ
ပြီးတော့ ဒီကောင်လေးးက ချမ်းသာသလိုမိသားစုနောက်ခံကလည်းကောင်းသည် ဒိလူက ဒုတိယကျန်းဝေ ဖြစ်လာမလားဆိုတာ သူမ မသိနိုင် အမေတစ်ယောက်အနေနဲ့ သူတို့က သူတို့ကလေးကိုပဲ ကြည့်မှာပင် ဒါက သဘာဝပဲလေ