အခန်း ၅၂
ချန်ယွဲ့ အိမ်တွင် စုလဲ့က ပန်းသီးတစ်လုံးစားရင်း ဆိုဖာပေါ်ထိုင်နေခဲ့သည်။ ရီမုကိုကိုင်ထားရင်း စိတ်လွတ်လို့နေတာပင်
"နတ်ဘုရားဝေက နင့်အပေါ်တကယ်ကောင်းတာပဲ ကျန်းဝေ စေ့စပ်ပွဲပါတီကို နင််နဲ့အတူတက်တာ တကယ့်ကို အမြင်ဖမ်းစားနိုင်လိုက်တာ"။ ချန်ယွဲ့က စုလဲ့ဘေးမှာထိုင်ပြီး မျက်နှာကို အမဲရောင် mask လေးကပ်ရင်းပြောလာသည်။ စုလဲ့က သူမကိုအကြည့်လွှဲလိုက်သည်။
"အဲ့ဒါဘာအကြည့်လဲ?" ချန်ယွဲ့က စုလဲ့ အမူအရာကိုမြင်တော့ မျက်စောင်းထိုးလာကာ "ငါနင့်ကိုပြောနေတယ်လေ နင်နားထောင်နေလား?"
"နားထောင်နေတယ် နားထောင်နေတယ် နတ်ဘုရားဝေနဲ့ငါဝင်လာတာက အရမ်းကို အမြင်ဖမ်းစားနေတာ ဒါပဲမလား?" စုလဲ့ခေါင်းငြိမ့်ပြကာ ချန်နယ် ပြောင်းတာရပ်လိုက်ပြီး ပန်းသီးကိုသာ ဆက်စားတော့သည်။
"နင်တကယ်တုံးတာလား တုံးချင်ယောင်ဆောင်နေတာလား?" ချန်ယွဲ့က စုလဲ့နဖူးကိုပုတ်ကာ "သူဒီလောက်တောင်လုပ်ပေးနေတာ နင်ဒီလောက်ထိအသဲနှလုံးမရှိ မလုပ်လို့မရဘူးလား?"
စုလဲ့ ဆိုဖာကိုမှီပြီး "ငါအသဲနှလုံးမရှိဘူးလို့ဘယ်သူပြောလဲ?" သူမခနလောက်ရပ်ပြီးမှ တစ်ခုခုစိတ်မပျော်ရွှင်စရာကိုမှတ်မိသွားသလို ဖြစ်သွားကာ ခနလောက်နေမှ သာမန်အတိုင်းဖြစ်သွားတော့သည်။
ချန်ယွဲ့က သတိမထားမိတာကြောင့် သူမက စုလဲ့ကို ယောကျာ်းကောင်းတွေက ဘယ်လိုရှာရခက်ကြောင်း ချမ်းသာပြီး တဖက်သာအတွက်တွေးပေးတတ်တဲ့သူဆို ပိုတောင်ရှာရခက်ကြောင်း ပြောနေခဲ့သည်။
ချန်ယွဲ့ရဲ့ ရှည်လျားတဲ့ မိန့်ခွန်းကြားမှာ ကော်ဖီစားပွဲပေါ်က စုလဲ့ဖုန်းက စမြည်လာတော့သည်။ ချန်ယွဲ့လည်း ချက်ချင်းတိတ်သွားကာ အခန်းထဲကထွက်သွားဖို့ ထရပ်လိုက်သည်။
"ဝေချု ဘာကိစ္စလဲ?"
ချန်ယွဲ့တံခါးပိတ်ခါနီး နောက်ဆုံးထိုစကားကိုကြားတော့ ပြုံးလိုက်မိသည်။ ယောကျ်ားတွေအားလုံးက ကျန်းဝေလိုမဟုတ်ဘူးလေ စုလဲ့ အချစ်ကိုတခြားအခွင့်ရေးပေးသင့်တယ်လေ