အခန်း ၄၅ ကြိုက်နှစ်သက်ခြင်း
တိမ်တွေကိုခနလောက်ကြည့်ပြီးတော့ ဝေချုက ရုတ်တရက် "ခနလောက်စောင့်နေ ကိုယ်ဝယ်စရာတစ်ခုရှိလို့"
စုလဲ့ခေါင်းငြိမ့်ပြလိုက်သည်။ ဝေချုထွက်သွားတာနဲ့ စုလဲ့က ထိုနားမှာပတ်လျှောက်နေလိုက်သည်။ ညာဘကခြမ်းမှာ ကျောက်တုံးတွေအများကြီးး စုထားတာကိုမြင်လိုက်ရသည်။ အနီးကပ်သွားကြည့်လိုက်တော့ ကျောက်တုံးတွေကော စာသားတွေထိုးထားတာမြင်လိုက်ရသည်။ မရင်းနှီးတဲ့နာမည်တွေကို ရေးထားကာ ကျောက်တုံးတွေက တအားတော့ကြည့်ရမဆိုးနေ
သဘာဝ ပတ်ဝန်းကျင်ကိုပျက်စီးစေတာလို့ မှတ်ယူလို့ရလား? စုလဲ့ သူမဘာသာတွေးနေမိသည်။
"ဒါတွေကို စန်းရှန်း ကျောက်တုံးလို့ခေါ်ပြီးတော့ စုံတွဲတွေတော်တ်ောများများက သူတို့နာမည်တွေကိုထွင်းထုခိုင်းကြတာတဲ့" ကျန်းတင်းက သူတို့နဲ့မလှမ်းမကမ်းခုံပုလေးမှာထိုင်နေတဲ့ ဘုန်းကြီးတစ်ပါးကိုညွှန်ပြပြီး "အဲ့ဘုန်းကြီးရဲ့ လက်မှုပညာက ကောင်းပြီး မြန်တယ်တဲ့ နင်ကော လုပ်ကြည့်ချင်လား?"
စုလဲ့ခေါင်းခါလိုက်သည်။ ဘုန်းကြီးတစ်ပါးတောင် အဲ့လိုရိုမန့်တစ်ဆန်တဲ့နည်းလမ်းသုံးပြီး ဘုရားကျောင်းအတွက် ပိုက်ဆံရှာနေပြီ ဒီစန်းရှန်း ကျောက်တုံးတွေက ဘာမှလည်းထူးခြားနေတာမဟုတ်ဘူး လူတိုင်းကြုံရာကျောက်တုံးတစ်ခုရှာထားရုံပဲလေ
စုလဲ့က သူမနဲ့အနီးဆုံးကျောက်တုံးဆီလျှောက်သွားလိုက်သည်။ သူမတွေးနေမိတာ ကျောက်တုံးမှာ အတွဲတွေ ဘယ်လောက်များများကများ ထိုးပြီး အဲ့အတွဲတွေ အခုထိ တူတူရှိနေတုန်းပဲလား ကွဲသွားကြပြီလားဆိုတာပင်
ဒီလိုနေရာမျိုးမှာ သူတို့နာမည်ထိုးတာက အလွယ်တကူ သတိမပြုမိနိုင်ဘူးလား စုလဲ့ကျောက်တုံးတွေနား ကို သိချင်စိတ်နဲ့သွားကြည့်လိုက်သည်။ ကျောက်တုံးတွေနောက်မှာ စကားလုံးတချို့ထွင်းထားသည်လေ စုလဲ့ရယ်လိုက်မိသည်။ ထင်ထားသလိုပဲ တချို့အတွဲတွေကဒီလိုလုပ်ရတာကို သဘောကျသည်လေ သူမ ထွင်းထားတာတွေကို ပိုသေချာမြင်ရအောင် ထိုင်ကြည့်လိုက်တော့ အောက်ခြေမှာ စကားလုံးတချို့ရှိပေမယ့်ကြာလာပြီဖြစ်တာကြောင့်ဝါးနေပြီပင်