အခန်း ၃၂ နောင်တ?
ဝေချု စုလဲ့နားလာကာ စိုးရိမ်တကြီးငုံ့ပြီး "အဆင်ပြေရဲ့လား?"လို့မေးလိုက်သည်။
"Humph" စုလဲ့ အသက်ရှုကာ မျက်ရရည်တွေနဲ့ဝေချုကို ကြည့်လိုက်သည်။ သူမငိုချင်တာတော့မဟုတ်ပေမယ့် နာလို့ မျက်ရည်က အလိုလိုကျလာတာပင် "ဘောစ့် ဝေချု နောက်ခါ အန္တာရယ်များတဲ့လူတွေ လာမယ်ဆိုရင် ကြိုပြီးအသိပေးထားလို့ရမလား ရှောင်နေရအောင်လို့"
ဝေချု စုလဲ့ နာနေတာကိုကြည့်ပြီး ရင်ထဲမကောင်း။ သူမ ခေါင်းနောက်လေးကို ဖွဖွလေးနှိပ်ပေးကာ "ဆရာဝန်ပြဖို့ခေါ်သွားပေးမယ်"
"မလိုဘူး ရတယ် နည်းနည်းခိုက်မိရုံလေး" စုလဲ့က ပြောပြီး ထရပ်လိုက်သည်။ နည်းနည်းမူးနေသလိုတော့ဖြစ်နေဆဲပင် ခြေလှမ်း ၃ လှမ်းအကွာက ထိုအမျိုးသမီးကက လက်မြှောက်က ထိုအမျိုးသားကို ပါးရိုက်ဖို့ လုပ်ပေမယ့် ထိုအမျိုးသားက ဖမ်းလိုက်သည်။
"ချန်ခိုင် ဒီနှစ်တွေ ငါ့မိသားစုက နင့်ကို ပေးခဲ့တဲ့အကျိုးအမြတ်တွေဘယ်လောက်တောင်များလဲ နင်ကျေးဇူးမကန်းနဲ့" လျိုဖန်က မျက်ရည်သုတ်ရင်း "ငါ့တို့ ကလေးတောင် တက္ကသိုလ်ကနေဘွဲ့ရတော့မယ် နင်က ခုထိ အဲ့ဒီ နျိုနျို ဆိုတာကိုပြောနေတုန်း နင်က အခု ငါ့ယောကျ်ားဆိုတာ မမေ့နဲ့"
စုလဲ့က ဝေချု့ကို စာနာသလိုကြည့်လိုက်သည်။ ကံကောင်းချင်တော့ ဒီအလွှာမှာ ဝန်ထမ်းတွေအများကြီးမရှိ မဟုတ်ရင် ဒီလိုပွဲမျိုးဆိုတာ လူတွေဝိုင်းနေမှာပင်
"လျိုဖန် မင်းအရေးမပါတာတွေ မပြောလို့မရဘူးလား ငါနဲ့ စုယွမ်ရှု ကွာရှင်းထားတာ နှစ်ပေါင်းများစွာ ကြာနေပြီ ငါသူတို့ကို တစ်ခါမှ ပြန်သွားမကြည့်ဖူးသလို ပိုက်ဆံလည်းတစ်ခါမှမပို့ပေးခဲ့ဖူးဘူး အဲ့ဒါကို မင်းကဘာတွေ ဘာမကျေမနပ်ဖြစ်နေတာလဲ မင်းတို့လျိုမိသားစုကိုမှီခိုတယ်ပြောရအောင် ငါတို့လက်ထပ်ခါစက မင်းတို့ စက်ရုံဘယ်လောက်များကြီးလို့လဲ အခု လျိုမိသာားစု အောင်မြင်လာအောင် ဘယ်သူကြိုးစားပေးခဲ့တာလဲ နေ့တိုင်း အရေးမပါတာတွေ ပြောမနေလို့မရဘူးလား?" မျက်နှာလည်းပျက်ရတာကြောင့် သူမတည်ငြိမ်နိုင်တော့