M~47

1.9K 172 0
                                    

အခန်း ၄၇ နီးကပ်လာခြင်း

စုလဲ့ ဝတ္ထုစရေးရတဲ့အကြောင်းအရင်းက ဝါသနာကြောင့်လည်းမဟုတ်သလို ငွေကြောင့်လည်းမဟုတ် သူမ စရေးရတဲ့အကြောင်းအရင်းက ဝတ္ထုတစ်ပုဒ်ဖတ်ပြီး စိတ်တိုသွားလို့ပင် နှစ်တချို့လောက်ကြာသွားတော့ ထိုဝတ္ထုခေါင်းစဉ်ကိုမမှတ်မိတော့ပေမယ့် သူမ ဇာတ်ကြောင်းကိုတော့ မှတ်မိနေဆဲပင်

ပုံပြင်တစ်ခုလုံးမှာအမျိုးသားဇာတ်ဆောင်က ကောင်းကွက်ဆိုလို့ ချမ်းသာတာရယ်ကြည့်ကောင်းတာရယ်ပဲရှိတာပင် အဲ့ဒါက လွဲပြီး ကျန်တာအကုန် အနုတ်ပြနေခဲ့တာ  သူ၏ လုပ်ရပ်များသည် သိက္ခာမရှိသလို နေ့တိုင်း မိန်းကလေးတစ်ယောက်တွဲနေခဲ့တာ သနားကြင်နာမှု ကင်းမဲ့ကာ ချမ်းသာလို့ထင်ရာစိုင်းနေခဲ့တာ  အခြေခံအားဖြင့် သူသည ဘာမှကောင်းမွန်နေတာမ ဟုတ်တာကို အမျိုးသမီးခေါင်းဆောင်သည် ထိုယောက်ျားကို သောက်ကျိုးနည်း ချစ်မိသွားခဲ့သည်။ သူမသည် အမျိုးသားခေါင်းဆောင်၏ ဒဏ်ကို အဆက်မပြတ်ခံစားခဲ့ရတာတောင်  နောက်ဆုံးထိ အဲ့ကောင်အတွက် အရာအားလုံးကို လုပ်ပေးခဲ့သေးတာ

စုလဲ့ ထိုဝတ္ထုက တအားးကိုဒေါသထွက်ဖို့ကောင်းတယ်လို့ ခံစားရသည်လေ အဲ့လိုဒေါသကြောင့် အမှီခိုကင်းတဲ့ အမျိုးသမီးဇာတ်ဆောင်နဲ့ တည်ငြိမ်ပြီး ရည်မှန်းချက်ကြီးတဲ့အမျိုးသားဇာတ်ကောင်အကြောင်း စရေးခဲ့တာ နောက်ပိုင်း သူမအတွက် ဝတ္ထုရေးတာက အကျင့်တစ်ခုလုလိုဖြစ်လာတော့တာပဲ လူသိများပြီး အောင်မြင်မှုတွေရဖို့ထိတော့ သူမမမျှော်လင့်ခဲ့

ဝေချု့ စာအုပ်စင်မှာ သူမထုတ်ဝေပြီးသမျှ စာအုပ်တွေအကုန်ရှိသည်လေ  နောက်ဆုံးတစ်ခေါက်လာလည်တုန်းက သူမစာအုပ်တချိုကို သတိထားမိပေမယ့် သေချာမကြည့်မိခဲ့ ဒီတစ်ခါတော့ စာအုပ်တွေအကုန်လုံးက သန့်ရှင်းပြီး သေချာထားထားတာကိုတွေ့လိုက်ရသည်။

ကြုံရာတစ်အုပ်ကိုယူပြီး ဖွင့်ကြည့်လိုက်သည်။ သူမ လက်မှတ်က ပထမဆုံးစာမျက်နှာမှာရှိနေကာ မေးကိုထိပြီး သူမသေချာကြည့်လိုက်သည်။ ဒီစာအုပ်က မနှစ်က နှစ်ကုန်တုန်းက ထုတ်ခဲ့ပြီးတော့ သူမမှာ လက်မှတ်ထိုးပွဲတစ်ခုပဲရှိခဲ့တာ သူ စာအုပ်ကိုလာဝယ်တဲ့ယောကျာ်းလေးတွေရှိပေမယ့် သူတို့က သူတို့ကောင်မလေးကို လာဝယ်ကူကြတာကြည့်ပင် ပြီးတော့ အဲ့နေ့က တခြားစာရေးဆရာတွေလည်းရှိနေတာကြောင့် လူရှုပ်ပြီး ဘယ်သူဝယ်သွားတာလဲ သတိမထားမိလိုက် ဒါမဲ့ ဝေချုတော့ အဲ့မရောက်လာလောက်ပါဘူး ဟုတ်တယ်မလား?

Hello Wife! (Mm translation)Where stories live. Discover now