အခန်း ၃၄ ကြိုးစားကြည့်ရအောင် (တွဲဖို့)
ချန်ခိုင်ပြောပြီးသွားတော့ စုလဲ့ အမူအရာအနည်းငယ်ပြောင်းသွားတော့သည်။ ဝေချုကတော့ လူကြီးလူကောင်းဆန်စွာပင် "စီအီးအိုချန်ရဲ့ သတိပေးမှုအတွက်ကျေးဇူးတင်ပါတယ် ဒါမဲ့ သတိမပေးရင်တောင် ကျွန်တော်သူ့ကိုကောင်းကောင်းစောင့်ရှောက်မှာပါ"
စုလဲ့က ဝေချု့ကို မျက်လုံးထောင့်ကနေကြည့်ပြီး တွေးလိုက်တာက လွယ်လွယ်သဘောတူလိုက်ရလားလို့ပင်
ချန်ခိုင်က ခါးသီးစွာရယ်လိုက်သည်။ သူ စိတ်သက်သာရာရသင့်လား ရှက်သင့်လား သူမသိ စုလဲ့ကို သူကြောက်နေမိတာ သူက တာဝန်သိစိတ်မရှိတဲ့အဖေတစ်ယောက်လေပြီးတော့ သူ့မှာ ဒီလိုစကားတွေပြောပိုင်ခွင့်လည်းရှိမနေဘူး သူ့ကို ဝေချုစကားပြောတဲ့သဘောထားကိုလည်း အံဩနေစရာတော့မရှိပါဘူးလေ
ဒါမဲ့ ဝေချုက သူ့ကို ဆက်ဆံတဲ့ပုံစံကို ကြည့်ပြီး သူပျော်မိသလိုပင် အနည်းဆုံးတော့ ဝေချုက စုလဲ့နဲ့ပက်သက်ပြီးလေးနက်တယ်ဆိုတာကို ပြနေတာပဲလေ
"နျိုနျို ဒီနှစ်တွေမှာ အဖေ..."ချန်ခိုင် ဟိုးနှလုံးသားအောက်ခြေကနေ နောင်တရနေတာပင် တကယ်လို့ ဒိီနှစ်တွေ သူသာ စုယွမ်ရှု နားမှာပဲနေခဲ့မယ်ဆို ဒီနေ့လို အဆုံးသတ်မှာတဲ့လား?
စုလဲ့က ကော်ဖီတစ်ငုံ့သောက်လိုက်သည်။ ခါးသက်နေသလိုပင် သူမ ပြုံးကာ "ရှင်နဲ့ ကျွန်မ အမေကြား ဖြစ်ပျက်ခဲ့တာတွေကို ဝေဖန်ဖို့ ကျွန်မမှာ အခွင့်မရှိပါဘူး အဲ့လိုပဲ ရှင့်မှာလည်း အရင်က ဖြစ်ပျက်ခဲ့တာတွေနဲ့ပက်သက်ပြီး ကျွန်မအမေကို သွားရှာပိုင်ခွင့်လည်းမရှိဘူး စီအီးအိုပဲ ဆက်လုပ်နေလိုက်ပါ ကျွန်မ အမေနဲ့ ကျွန်မ လက်ရှိ ကောင်းကောင်းမွန်မွန်နေနေတယ် ကျေးဇူးပြုပြီး ကျွန်မတို့ကိုမနှောင့်ယှက်ပါနဲ့"
ချန်ခိုင် သူ့ရှေ့က မျက်နှာသေနဲ့ဘာခံစားချက်မှမရှိတဲ့ သူ့သမီးကိုကြည့်ပြီး ဘာပြောရမှန်းမသိ
"ဒီည လုပ်စရာလေးရှိနေသေးလို့ ပိုင်ရှန်းနဲ့နောက်ပိုင်း ပူးပေါင်းဖို့ စီအီးအိုချန်မှာ အစီစဉ်ရှိရင်တော့ ကြိုဆိုပါတယ်" လို့ပြောပြီး စုလဲ့ ထရပ်ကာ ကောင်တာမှာငွေရှင်းဖို့ သွားလိုက်သည်။