အခန်း ၁၅
ဒီတစ်ခါတော့ စုလဲ့ ဝေချုဆီသွားတာ လက်ဗလာနဲ့သွားလို့မကောင်းတော့တာကြောင့် ဝေချုဆီ မသွားခင် သစ်သီးနဲ့မုန့်တချို့ဝင်ဝယ်လိုက်သည်။
သူ့နေရာကိုရောက်တော့လုံခြုံရေးတွေက သူမကိုမေးခွန်းတချို့သာမေးပြီး ဝင်ခွင့်ပြုလိုက်သည်၊ သူမ ပစ္စည်းတွေ အများကြီး သယ်လာတာကိုလည်းထောက်ပြီးတော့ပေါ့ စုလဲ့ ခပ်လှမ်းလှမ်းကိုရောက်သွားတာနဲ့ လုံခြုံရေးတစ်ယောက်က မေးတော့သည်။ "စီအီးဝေရဲ့ကောင်မလေးလို့ထင်လား?"
တခြားစီနီယာ လုံခြုံရေးက ရေသောက်ပြီးမှ "မင်းပြောနေတာက အိမ်ကို ဘယ်မိန်းကလေးမှ ခေါ်မလာဖူးတဲ့ လူငယ်စီအီးအိုဝေလား?"
လူငယ်လေးက ခေါင်းငြိမ့်ကာ "ဒီဧရိယာမှာတခြားစီအီးအိုဝေ နေသေးလို့လား?"
လူကြီးက ပြန်ကာ "မင်းက နောက်ကျမှဝင်တော့ မသိဘူး တခြားဘော့စ် ဝေလည်းရှိတယ် သူက လည်သာ ဖိနပ်စက်ရုံပိုင်ရှင် အသက် ၄၀ လောက်ရှိပြီ ကောင်မလေးငယ်ငယ်လေးတွေ အိမ်ခေါ်လာနေကျ သူ့မွေးရပ်မြေမှာတကည်းက သူ့ကို ကူညီပေးခဲ့တဲ့ သူ့မိန်းမလည်းရှိသေးတယ်လို့ကြားတယ် လူငယ်စီအီးအိုဝေလို လူမျိုး ဒီကမ္ဘာပေါ်မှာထပ်မရှိနိုင်တော့ဘူး ချမ်းသာပြီး သန့်သန့်ရှင်းရှင်းနေတဲ့သူမျိုးလေ"
-
ဝေချုက လူကောင်းတစ်ယောက်အဖြစ် နာမည်ကြီးတယ်ဆိုတာ စုလဲ့မသိ အိတ်တွေအများကြီးသယ်ပြီး တံခါးဘဲကို နှိပ်လိုက်တော့ ဆံပင်သေသပ်စွာဖြီးထားတဲ့ အမျိုးသားတစ်ယောက်က တံခါးဖွင့်ပေးကာ သူမကိုမြင်တော့ ထူးဆန်းတဲ့အပြုံးတစ်ခုနဲ့
"Miss စုဖြစ်ရမယ် ကျွန်တော့် မျိုးရိုးနာမည်က ချန် ပါ ကျွန်တော့်ကို ချန်ရှု လို့ခေါ်လို့ရပါတယ်" ချန်ရှုက စုလဲ့လက်ထဲက အိတ်တွေကိုယူကာ ဧည့်ခန်းထဲလျှောက်လာခဲ့ကြသည်။ ချန်ရှုကဖော်ရွေလွန်းတာကြောင့် စုလဲ့နည်းနည်းတောင်တုန်လှုပ်မိသလိုပင်
သူ့နောက်ကိုလိုက်လာရင်း ဧည့်ခန်းထဲမှာယောကျ်ား သုံးယောက် အမျိုးသမီးတစ်ယောက်ထိုင်နေတာကိုတွေ့လိုက်ရသည်။ ချန်ယုဒုံရယ် လျန်ကွမ်ရယ် တန်ယောင်ရယ်ကို သိပေမယ့် နောက်ဆုံးတစ်ယေက်ကတော့ ဘယ်သူမှန်း မသိ