အခန်း ၂၄ ဝေချု့အမေ
မင်္ဂလာပွဲစတော့ စုလဲ့က နဂို တူးတူးနဲ့ ရှောင်ရှောင်းနဲ့ ထိုင်မလို့လုပ်ပေမယ့် သူတို့ကိုတွေ့တဲ့ချိန် သူတိုခုံက လူပြည့်နေပြီပင် သူမ အခန်းပတ်လည်ကို လိုက်ကြည့်လိုက်ပြီး ဘယ်နားထိုင်ရမလဲ မသိတော့
"ချီချီ နင်လာတာ တအားနောက်ကျသွားတယ်" ကျိုးရှောင်းက "နင်သိပါတယ် လူတွေက အလှလေးကိုကြည့်နေတာနဲ့တင် ဗိုက်ပြည့်ကြတယ်တဲ့ ဒီနေ့ နင်ဘာမှမစားတောင် ဗိုက်ပြည့်နေမယ်ဆိုတာ ငါသေချာသိတယ်"
"နင်တို့နှစ်ယောက််က လူတွေစိတ်တိုအောင်လုပ်ရတာတကယ်ကြိုက်ကြတာပဲ" စုလဲ့ သူတို့ကို ဒေါသတကြီးနဲ့ခါးသီးစွာကြည့်ပြီး ကြုံရာခုံတစ်ခုံမှာ ထိုင်ဖို့ လုပ်လိုက်ချိန် တူးတူးနဲ့ ကျိုးရှောင်းမျက်လုံးတွေ စိတ်ဝင်စားမှုမြင့်တက်လာတာကို သတိမထားမိလိုက်
"စုလဲ့ ဘာလို့ ရပ်နေသေးတာလဲ?" ဝေချုက စုလဲ့ဘေးနားလာပြီး လီယုရှောင်နဲ့ ကျိုးရှောင်းနားမှာ ခုံမရှိတော့တာမြင်တော့ သူက ဆက်ပြီး "မင်းကိုယ်နဲ့ထိုင်လို့ရတယ် ဒီမှာလည်း မင်းနဲ့ရင်းနှီးတဲ့သူမရှိတော့ သူများနဲ့ထိုင်ရင်နေရခက်နေမှာပဲ"
ဝေချုက အဓိက စားပွဲမာထိုင်ရမှာများတာကြောင့် စုလဲ့ ငြင်းလိုက်သည်။ "ဒုက္ခရှာဖို့မလိုပါဘူး ကျွန်မ ထိုင်ဖို့တနေရာရာ ရှာလိုက်ရင်ရပါတယ်" သူမ အတွေးတွေကို သိနေတဲ့အတိုင်း ဝေချုက "ကိုယ် အဓိက စားပွဲမှာ ထိုင်မှာမဟုတ်ဘူး တခြားခုံမှာထိုင်မှာပါ လိုက်ခဲ့လိုက်"
တဖက်လူက သူမကို ကူညီနေတော့ သူမ ဆက်ငြင်းလို့မကောင်းတော့ ဝေချုနောက်ကနေ လိုက်သွားတော့သည်။ ဘယ်မှာထိုင်ရမလဲတော့မသေချာပေမယ့်ပေါ့
"သူ့အကြည့်တွေက စုလဲ့ပေါ်မှာပဲ" တူးတူးက မြေပဲတစ်ခုကိုခွါရင်း "ချီချီက ဘာတုံ့ပြန်မှုမှမရှိတာ ဆိုးတာပဲ အရူးလိုပဲနေနေတယ် အား"
"သူသာ အရူးဆို တခြားသူတွေက ငတုံးတွေပဲ" ရှောင်ရှောင်းက ကွာစေ့ကို ခွါရင်း "ဝက်တွေက ရူးနေတဲ့ပုံပေါက်ပေမယ့် လိုအပ်လာရင် ကျားကိုတောင် ပြန်တိုက်နိုင်တယ် သူမသာ တကယ်ရူးနေတယ်ဆိုရင်တောင်ယောကျာ်းတစ်ယောက်ရဲ့လုပ်နိုင်စွမ်းပေါ်မူတည်တယ် သူမအောင်မြင်ဘူးဆို ပိုကြိုးစားပေါ့"