အခန်း ၃၆ ဓားပျော့တစ်ချောင်း
ကျန်းဝေ မိဘတွေရဲ့အကြည့်က ရှုပ်ထွေးနေသလို စုလဲ့ခံစားလိုက်ရသည်။ သူတို့ စစချင်းတွေ့တုန်းက ထိုလူကြီးနှစ်ယောက်က နည်းနည်းတော့တည်နေပေမယ့် ယဉ်ကျေးမှုရှိတဲ့သူတွေပင် ကျန်းဝေအဖေက ငယ်ငယ်က လက်သမားဖြစ်ပြီးတော့ နောင်မှသာ ပရိဘောဂ စက်ရုံတစ်ခုဖွင့်ခဲ့တာပင် နောက်ပိုင်း သူ့စီးပွါးရေးက ပိုပိုကောင်းလာပြီး ဒီနေ့ ဒီလိုအခြေအနေထိရောက်လာခဲ့တာ နဂို ပရိဘောဂစက်ရုံကနေ အိမ်သုံးပစ္စည်းနဲ့ ပရိဘောဂ ထုတ်တဲ့စက်ရုံဖြစ်လာခဲ့တာပင်
စုလဲ့ကို မြင်တော့ သူတို့သားအကြောင်းသိထားတဲ့ မိဘနှစ်ပါးက မျက်နှာမကောင်း သူတို့က စုလဲ့ကို သူတို့သားရဲ့ ကောင်မလေးဖြစ်တုန်းက ကျေနပ်ခဲ့ကြပြီး ဇနီးကောင်းဖြစ်လိမ့်မယ်လို့ယုံကြည်ခဲ့ကြတာလေ သူတို့သားက လှေနံနှစ်ဖက်နင်းမယ်လို့ မထင်ထားခဲ့ကြ တအားရှက်ဖို့ကောင်းသည်လေ အခုကျ စုလဲ့က ကျန်းဝေ ဘလိုင်းဒိတ်လုပ်တာကို ကြည့်နေတော့ ပိုတောင်ဆိုးရော
"ဦးလေး ဒေါ်ဒေါ်" စုလဲ့က သူမတို့စားပွဲနဲ့ သူတို့စားပွဲ မဝေးတာတွေတော့ လူကြီးနှစ်ယောက်ကိုသွားနှုတ်ဆက်လိုက်သည်။ ကျန်းဝေနဲ့ပြတ်ဆဲသွားပြီဆိုပေမယ့် လေးစားမှုတော့ရှိရမည်လေ
"ရှောင်လဲ့" ကျန်းဝေ အမေက နေရခက်စွာပြုံးကာ "ကော်ဖီလာသောက်တာလား?"
"ဟုတ်ကဲ့ ပိတ်ရက်မလို့ သူငယ်ချင်းနဲ့ စျေးဝယ်ထွက်ရင်း ကော်ဖီဝင်သောက်တာပါ" စုလဲ့က ကျန်းဝေ အမေကို ပြုံးပြကာ ပြန်ဖြေလိုက်သည်။ ထို့နောက် တဖက်က ကောင်မလေးကိုကြည့်လိုက်သည်။ တော်တော်လေးလှသည့်အမျိုးသမီးပင် "ဦးလေးနဲ့ဒေါ်ဒေါ်မှာ ကိစ္စလေးတွေရှိနေမှတော့ သမီးမနှောင့်ယှက်တော့ပါဘူး သူငယ်ချင်းနဲ့လည်း ပြန်တော့မှာမို့လို့ပါ"
"အင်း ကိစ္စလေးတချို့ရှိနေလို့" ကျန်းဝေ အမေက နေရခက်စွာပြုံးကာ ပြန်ဖြေသည်။ "နောင်ကျ အချိန်ရရင် အိမ်လာလည်ပါဦး" ပြောပြီးမှ သူမ ကျယ်ကျယ်ပြောလိုက်မိတာကို သတိရပြီး မသင့်တော်မှန်းသိပေမယ့် ပြန်ရုတ်လို့လည်းမရတော့