Ep 18

112 12 0
                                    

Pete's Pov

// ကျွီ //

မှန်တံခါးဖွင့်သံကြားတော့ ကျတော် လန့်နိုးလာခဲ့ပီး Vegas ဝင်လာတာမှန်းသိတော့ ကြောက်ရွံမှုကြောင့်ဘအနည်းငယ် တုန်ယင်သွားသည်.. လက်နဲ့ တွဲခတ်ထားသော ကုတင်တိုင်ကို ခေါင်းမှီချလိုက်ရင်း ဗိုက်ကလည်း ဆာလောင်လွန်းလို့ တဂွီးဂွီးအော်နေ၏

ဗိုက်ကလည်းဆာလှသလို ရှူးရှူးလည်း ပေါက်ချင်လှပီ..ဒါပေမဲ့ Vegas ကိုမြင်ရုံနဲ့တင် ကြောက်ရွံ့စွာတုန်ယင်နေပီမို့ အသံထွက် မတောင်းဆိုရဲပါ.

Vegas အခြေအနေကြည့်ရတာတော့ မနက်ကလောက် စိတ်ဆိုးနေခြင်းမရှိတော့..သူကျောင်းဝတ်စုံကို အိမ်နေဝတ်စုံနဲ့လဲနေပီး ကျတော့ကို လေ လိုမျိုး ရှိနေတယ်လို့တောင် မမြင်တဲ့ပုံစံ...F**k!!

မိနစ်အနည်းငယ်လောက်ရှိမှ -
"မင်းပါးစပ် ပျောက်သွားလို့လား?"

"..." <Pete ပြန်မဖြေ>

"မင်းငါ့ကို စိတ်ဆိုးအောင်လုပ်ရင် မင်းပိုရိုက်ခံရမှာပဲလေ"
Pete ကလေသံအေးအေးနှင့် တည်တည်ငြိမ်ငြိမ်ဆက်ပြောနေဆဲ.
ဒီခွေးကောင်က တကယ်ကို အစွန်းရောက်ပဲ <Bipolar> .. ခန့်မှန်းလို့မရတဲ့ သူ့စိတ်အခြေအနေတွေနဲ့တင် ငါက စိတ်ကုန်လှပီ.

"..."

"ငါက ဆိုးယူတ်တဲ့ လူတျောက် မဟုတ်ပါဖူး..အိုခေ?"

"အင်း.."
ခြောက်ကပ်ကပ် တခွန်းပဲပြန်ဖြေလိုက်တယ်..သူ့ကို ပြန်မငြင်းချင်တော့ဖူး သူဒေါသထွက်မှာ တကယ်ကြောက်တယ်..

သူက ကျတော့ဆီ လျှောက်လာရင်း -
"မင်းသာ ကောင်းကောင်းလေးနေရင် ငါက ဆိုးမှာတဲ့လား?"

"ဟင့်အင်း"

"ကဲ..ဒါဆို မင်းက ဘာဖြစ်နေတာလဲ? ဘာလို့ လာပို့ထားတဲ့ ထမင်းကို မစားရတာလဲ? ဘာလို့ဒီမှာ ငုတ်တုတ်ကြီးပဲထိုင်နေရတာတုန်း? အိုး...မင်းက ငါ့အကိုဝမ်းကွဲနဲ့ ရုပ်ရှင်တွေအကြည့်များပီး Drama တွေချိုးပြနေတာလား? ဆန္ဒပြမနေနဲ့တော့..အစားအသောက်တွေ မကောင်းပဲဖြစ်လာလိမ့်မယ်"

Vegas နီးနီးကပ်ကပ် ကျတော့ရှေ့ရောက်လာပီး ခါးထောက်ပြောတော့ သူ့ကို ရွံ့ရှာစွာ မော့ကြည့်လိုက်ပေးလိုက်ကာ အသံတိုးတိုးဖြင့် -

Vegas x PeteWhere stories live. Discover now