Pete's Pov
Nop စကားအဆုံးမှာ အဲ့နားတင် ကြက်သေ သေကာ ရပ်နေခဲ့မိတယ်...
ကျတော်က သူ့ရဲ့ ကစားစရာတွေထဲက တခုပဲလား?
Vegas သူ့အိပ်ရာဖော်တွေနဲ့ ရိုက်ထားတဲ့ Video ဖိုင်ပေါင်းများစွာကို ပြန်မြင်လာတော့ ထိုအတွေးတို့က ပိုခိုင်မာလာခဲ့တယ်... ငါ့ကို သူ့ပျော်ရွှင်မှု အသုံးချခံ အဖြစ်နဲ့ပဲ သဘောထား ကစားနေတာပဲ..အတွေးတွေနဲ့အတူ လက်ကောက်ဝတ်က ချိန်ကြိုးကိုပဲ ထပ်ကာထပ်ကာ ဆွဲဖြုတ်နေမိတယ်... ခန္ဓာကိုယ်ထဲမှာ မီးမြိုက်လိုက်သလို ခံစားနေရတယ်..
မင်းက Vegas လိုလူအတွက် တန်ဖိုးမရှိဖူး...မြူမှုန်လောက်လေးနဲ့...ဘာအဓိပ္ပါယ်မှ မရှိစေဖူး..
သူက ငါ့ကို လိင်ဆက်ဆံရုံအတွက် သုံးနေတာ.. ချိန်ကြိုးနဲ့ ခတ်ထားတဲ့အပြင် သူ့စိတ်အတက်အကျကိုလည်း အမြဲကြောက်နေခဲ့ရသေးတယ်... ပီးတော့ သူ့အတွက်ဖြစ်လာတဲ့ ငါ့ခံစားချက်!! အဲ့ အရေးမပါတဲ့ ခံစားချက်တွေကြောင့် အနာကျင်ရဆုံးပဲ!! သူ့ရဲ့ ကစားပွဲထဲရောက်နေတဲ့ အရုပ်လို ကွကိုယ် ခံစားလာရပီး ဒီနေရာမှာ တစ်စက္ကန့်တောင် ရှိမနေချင်တော့ဖူး!!// ကျွီ //
"ကိုယ်ပြန်လာပီ..မနေ့ညက ကိစ္စအတွက် ပြန်ပေးဆပ်ဖို့ မင်းကြိုက်တတ်တာလေးတွေဝယ်ခဲ့ပေးတယ်... PETE!!! မင်းဘာတွေလုပ်နေတာလဲ?"
အထုပ်တွေကို စားပွဲပေါ်ချပီး အလှည့် မြင်လိုက်ရတဲ့ ကျတော့ပုံစံကြောင့် Vegas က အလန့်တကြားမေးလာသည်.."ငါ့ကိုလွှတ်!!"
"Pete!! ဘာတွေဖြစ်တာလဲ??"
Vegas က ပွန်းပဲ့စပြုလာတဲ့ ကျတော့ လက်ကောက်ဝတ်ကို အထိတ်တလန့် စိုက်ကြည့်တယ်.."ငါ့ကိုသွားခွင့်ပေး! ငါဒီမှာလုံးဝ မနေနိုင်တော့ဖူး! Asshole!!"
Vegas ကို မြင်လိုက်ရတဲ့အချိန်မှာ ရင်ထဲကဒေါသတွေက ထိန်းမရတော့.."Pete..ဘာလို့ ဒီလိုလုပ်တာလဲကွာ?"
Vegas က ကျတော့ လက်ကောက်ဝတ်ကို တယုတယ လှမ်းကိုင်ကာ ပွတ်သပ်နေတာမို့ သူ့လက်ထဲကနေ ပြန်ရုန်းရင်း -"ဟန်ဆောင်နေတာတွေရပ်တော့!! မင်းငါ့ကို အကုန်ညာနေတာ!! လာကောင်းပြမနေနဲ့တော့"
ကြောက်စိတ်တစ်စက်မှ မရှိပဲ ကြုံးအော် ပစ်တာမို့ Vegas လန့်ဖြပ်သွားမိတယ်..
YOU ARE READING
Vegas x Pete
Romance🌹 ZawGyi Version 🌹 KinnPorsche novel series ထဲက side couple ဖြစ်တဲ့ vegas x pete တို့ရဲ့ side storyပါ I got the permission to translate this story into Burmese from English Translator. If u want to read it in English, the story is under the Author...