Pete's pov
နဲနဲလေးလှုပ်ရှားလိုက်တာနဲ့ အနောက်ဘက်ရပ်ဝန်းဆီက လာတဲ့နာကျင်မှုက မခံမရပ်နိုင်အောင်ပဲ..ခန္ဓာကိုယ်တခုလုံးကလည်း တစစီဆွဲဖြဲခံထားရသလို...
ဒဏ်ရာတွေ အမှတ်အသားတွေကလည်း တကိုယ်လုံး အပြည့်ရှိနေပီး ဒီအိမ်မက်ဆိုးကနေ ကျတော် ဖြေးဖြေးချင်းနိုးထလာခဲ့သည်..
ဝေဝါးနေတဲ့ မျက်လုံးတွေက လိုက်ကာအနက်တွေကြားကနေဖောက်ထွက်လာတဲ့ အလင်းရောင်တန်းလေးတွေဆီမှာသာ အာရုံစိုက်ထားမိရင်းးဖြစ်ပျက်ခဲ့သမျှအားလုံး ဦးနှောက်ထဲမှာ အစီအရီပြန်ပေါ်လာတော့ အခုနာကျင်နေတာတွေက ထပ်တိုးလာနေသလိုပင်..
'ကျေးဇူးပြုပီးဒါတွေအားလုံးဟာ အိမ်မက်တခုလို့ညပြောပေးစမ်းပါ...အိမ်မက်ဆိုး တခုအနေနဲ့ပဲ ဖြစ်ပေးလိုက်လို့မရဖူးလား? '
အိမ်ထဲကိုခိုးဝင်ခဲ့တဲ့ပုံရိပ်...
ဖမ်းမိသွားတဲ့အချိန်...
သူတို့တွေနဲ့ တိုက်ခိုက်ခဲ့ရတာတွေ...
အဲ့ဒီနောက် ကျတော့်ကို ....ပြန်ပေါ်လာတဲ့ မှတ်ဉာဏ်တွေအားလုံးမှာ လူတယောက်ရဲ့ ပုံရိပ်ကပဲ အထင်အရှား..
ပိုမှတ်မိလာလေလေ အဲ့လူရဲ့ မျက်နှာကိုပဲ ထပ်တလဲလဲ ပြန်မြင်မိလာလေလေ ဖြစ်နေတာမို့ ညှင်းဆဲခံခဲ့ရတာတွေက ဝေဒနာ ထပ်တိုးလာသလိုဖြစ်နေ၏ကိုယ်လုံးတီး ဖြစ်နေဆဲ ခန္ဓာကိုယ်မှာ အနောက်ဖက်ရပ်ဝန်းဆီက တဆစ်ဆစ်နာကျင်မှုကြောင့် ကျတော် အံကိုသာ တင်းတင်းကြိတ်ထားမိတော့သည်..
လက်ကိုထောက်ပီး ထထိုင်ဖို့ ကြိုးစားလိုက်ပေမဲ့ ကျတော့လက်ဖျံတွေက လည်သာကြိုးနဲ့ ချည်နှောင်ခံထားရသည်ကို သိလိုက်ရသည်..အချိန်အကြာကြီး မလှုပ်ရှားခဲ့ရတာကြောင့် လက်ကအံသေသလို ဖြစ်နေတာမို့ အတင်းရုန်းကြည့်လိုက်၏
ကျတော် အားနည်းနေတုန်းမို့ ရုန်းနေတာက အလုပ် မဖြစ်ပါဖူး..
ချုပ်ခံထားရတဲ့လက်တွေဆီက နာကျင်မှုက မခံမရပ်နိုင်အောင် ပါပဲ..."နိုးလာပီပေါ့?"
ရင်းနှီးနေတဲ့ အသံတခုကို ရုတ်တရက်ကြားလိုက်ရတာမို့ ထခုန်မိမတတ် လန့်ဖျပ်သွားပီး အိပ်ခန်းထဲ ဝင်လာသော ထိုအမျိုးသားကို လှည့်ကြည့်လိုက်သည်..
VOUS LISEZ
Vegas x Pete
Roman d'amour🌹 ZawGyi Version 🌹 KinnPorsche novel series ထဲက side couple ဖြစ်တဲ့ vegas x pete တို့ရဲ့ side storyပါ I got the permission to translate this story into Burmese from English Translator. If u want to read it in English, the story is under the Author...