Pete's Pov
"ငါတို့သူ့ကို သုံးလို့ရမလား? တကယ်လို့ သူ ငါတို့ကို သာယာမှုအပြည့်ပေးနိုင်ရင် ငါတို့ ပါးစပ်တွေပိတ်ထားပေးမယ်လေ"
Jay ဆိုသူထံမှ ထိုစကားတွေထွက်လာသည်နဲ့ ရင်ထဲ ဒိတ်ခနဲ.. လွှတ်မြှောက်ဖို့ လမ်းဆိုပီးလျှောက်ခဲ့တာ နောက်ထပ် သေမဲ့လမ်း တခုပဲ ဖြစ်နေခဲ့တယ်.. အကြောက်တရားကို ရင်ဆိုင်နေရပီမို့ နောက်ကို တလှမ်းခြင်း ဆုတ်နေမိသည်..
Thew က ကျတော်ဆုတ်တဲ့နောက် တလှမ်းချင်း တိုးကပ်လာပီး -
"ရုပ်လည်း ချောတယ်..body ကလည်း မိုက်တယ်.. သောက်ကျိုးနဲ! မင်းက အတော်ကပ်စီးနဲတာပဲ Vegas... ငါတို့ မသိအောင် ဒါမျိုးလေးကို ဖွက်ထားခဲ့တယ် လို့.."ကျတော် အားငယ်ပီးကူကယ်ရာမဲ့သလိုခံစားလာရကာ ဘာကြောင့်မှန်းတော့မသိပေမဲ့ Vegas နောက်ပြေးဝင်ပုန်းလိုက်သည်..
သူ့ သူငယ်ချင်းတွေကို ကြည့်ကို မကြည့်ရဲ့တော့တာမို့ ခေါင်းကိုလည်း သူ့ကျောနောက် ဖွက်ထားမိသည်.."..."
Vegas က သူ့နောက်ရှိ ကျတော့ပုံစံကို ဝေခွဲမရသလို ငုံ့ကြည့်လာသည်မို့ သူ့အင်္ကျီစ ကို လက်ထဲ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပီး ကူကယ်ရာမဲ့စွာ ပြန်မော့ကြည့်လိုက်သည်.."ဟက်..ကောင်းပီလေ..ဘာပဲဖြစ်ဖြစ်"
Vegas က စဉ်းလဲစွာပြုံးရင်း သူ့သူငယ်ချင်းတွေဖက်ပြန်လှည့်ကာ ပြောလိုက်တော့ -"သေချာတယ်နော်!?"
Jay က မျက်ခုံးတချက်ပင့်ရင်း သေချာအောင် မေးသည်.."မဖြစ်ဖူး၊ မဖြစ်ဖူး၊ မဖြစ်ဖူးလို့"
ကျတော် ခေါင်းကိုတွင်တွင်ခါပီး Vegas အင်္ကျီကိုပဲ လွှတ်မထွက်သွားအောင် တင်းတင်းဆုပ်ကိုင်ထားလိုက်၏...သူတို့ဘာဆိုလိုချင်ကြလဲ သိနေတာမို့ ရင်ထဲမှာ ပူလောင်နေတာ မဖုံးကွယ်နိုင်တော့.."ငါတို့ တကယ် သုံးလို့ ရမယ်နော်?"
Thew ကလည်း သေချာအောင် ထပ်မေးသေး၏.."သေတောင် ရမနေဖူး! ထွက်သွားကြ!"
Vegas က ရင့်ရင့်သီးသီးအော်ပီး ၂ယောက်စလုံးကို အခန်းထဲကဆွဲထုတ်သွားသည်..
Jay နဲ့ Thew က အားရပါးရရီပီးအော်သွားကြသေး၏
"ခွေးကောင်စုတ်!! မင်းငါတို့ ပါးစပ်ပိတ်အောင် တခုခုတော့ ပေးရမယ်မှတ်နော်"
YOU ARE READING
Vegas x Pete
Romance🌹 ZawGyi Version 🌹 KinnPorsche novel series ထဲက side couple ဖြစ်တဲ့ vegas x pete တို့ရဲ့ side storyပါ I got the permission to translate this story into Burmese from English Translator. If u want to read it in English, the story is under the Author...