Ep 51

100 11 0
                                    

Pete's Pov

Bang!!

မှန်လုံအိမ်ထဲကနေ သေနတ်သံ တချက်ထွက်လာတော့ Vegas တချက်တုန်သွားပီး ခေါင်းစိုက်ကျသွားတော့သည်..
လက်အောက်ခံအိမ်တော်သား အကုန်လုံးလည်း Vegas နည်းတူ တုန်လှုပ်သွားကြပီး မှန်လုံအိမ်တံခါးက မဖွင့်သေးတာတောင် ဘာဖြစ်သွားပီဆိုတာ ခန့်မှန်းမိကြတာမို့ အကုန် မြေကြီးပေါ် ဒူးထောက်သွားကြသည်...

"အခုတော့ ငါ့မှာ ဘာမှမကျန်ခဲ့တော့ဖူး...ဒီလိုနေ့မျိုးရောက်လာမယ်ဆိုတာကြိုသိခဲ့ပေမဲ့...ခုချိန်ထိ သူ့ရဲ့ အသိအမှတ်ပြုမှု တချက်တောင် မရခဲ့လိုက်ဖူး....ခုတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဖူး"
Vegas ပါးပြင်ပေါ်မှာ မျက်ရည်တွေက အဆက်မပြတ် အတားအဆီးမဲ့စွာကျလို့...

Vegas က အာဏာ၊ ပါဝါ၊ မျှော်လင့်ချက် တခုမှ မရှိတော့တဲ့လူတျောက်လို ငြိမ်ကျသွားသည်... ကျတော် အနောက်မှာ သေနတ်နဲ့ ထောက်ထားဆဲတောင်မှ သူတချက်မှ ဂရုမစိုက်..

လက်ထဲက ဒီသေနတ်...ဒီသေနတ်ကို ကျတော် မကိုင်ထားချင်တော့ဖူး...ကျတော်သူ့ကိုပဲ တင်းတင်းကြပ်ကြပ်ဖက်လိုက်ချင်တယ်၊ ရင်ခွင်ထဲသိမ်းထားချင်တယ်၊ သူပြုံးတာလေးကိုပဲ ထပ်မြင်ချင်မိတော့တယ်... ကျတော်တျောက်တည်းကိုပဲ မြင်အောင်ကြည့်စေချင်ပီး သူ့ဘေးမှာ ကျတော်ရှိနေသေးတာကို သိပီး ပျော်စေချင်တယ်၊ ကျတော့်မျက်လုံးထဲမှာ ပေါ်နေတဲ့ သူ့အပေါ်ထားရှိတဲ့ အချစ်တွေကို သူ့ကိုမြင်စေချင်တယ်...
သူနာကျင်နေသလို ကျတော်လည်း ထပ်တူ
နာကျင်နေရကြောင်း သူသိစေချင်တယ်...

အတွေးနဲ့အတူ သေနတ်ကိုချက်ချင်းချလိုက်တဲ့အချိန် Vegas က အသက်ပြင်းပြင်းရှူပီး မျက်စိစုံမှိတ်ချလိုက်တယ်...ဒါသူ ခေါင်းကိုက်လာရင် လုပ်နေကျ အပြုအမူ...

"အား!!!!!!!"
နောက်ဆုံးတော့ Vegas မခံနိုင်တော့တဲ့အလား သူ့ရှေ့က တံခါးကို လက်သီးတွေနဲ့ ဇွတ်ထိုးနေသည်...
"ပါး!!! ပါး!!!"
ပါးစပ်ကလည်း တစာစာအော်နေပီး မျက်နှာပေါ်မှာ မျက်ရည်တွေလား မိုးရေတွေလား မကွဲတော့ပဲ စိုရွဲနေတော့သည်... ကျတော့်ရှေ့မှာ အပြိုပြို အလဲလဲ ဖြစ်နေသော ချစ်ရသူကြောင့် ရင်ထဲမှာ တင်းကျပ်ပီး နာကျင်နေရပါသည်..

Vegas x PeteWhere stories live. Discover now