Ep 7

96 10 0
                                    

Vegas's Pov

"ခများ နဲ့ Kan နဲ့ ကျတော့ကို ကူညီရမယ်..မဟုတ်ရင် အကုန်သေပီလို့သာ မှတ်ထားလိုက်တော့"

Big အခန်းထဲက ထွက်သွားတာနဲ့ အရင်ကတည်းကအလိုမကျဖြစ်နေတဲ့ ကျတော် ထိုစကားကြားပီးနောက် ဒေါသတွေအကုန်ပေါက်ကွဲထွက်လာတော့သည်

ခွေးကောင် Big က ကျပ်မပြည့်တဲ့ကောင်တွေကို သတင်းတွေကို လက်လွတ်စပယ် ရောင်းခဲ့တယ်..အဲ့ဒီကနေပဲ သက်သေအတွက် အချက်အလက်တွေရဖို့ အပေါက်ကြီး ဖြစ်လာခဲ့မဲ့အပြင် လုပ်ငန်းမှာ ယိုယွင်းမှုတွေရှိနေတာက ပေါ်ထင်လာတော့မည်..နောက်ဆုံးတော့ Kinn ကို နောက်ကျောဓါးနဲ့တချိန်လုံးထိုးခဲ့တာက ကျတော်မှန်း သိလာကြတော့မှာ..

ပိုတွေးမိလေလေ ပိုဒေါသတွေထွက်လာလေလေပဲ...Big ကေ-ာက်တုံး! ငါဘာလို့ ဒီလိုငတုံးတွေနဲ့ လက်တွဲခဲ့မိရတာလဲ? ဘယ်သူမှ တခုခုမလုပ်ခင် ဘာဖြစ်နိုင်မယ်ဆိုတာ ကြိုမတွက်တတ်ကြတော့ဖူးလား? ဟိုကောင် Tawan <kinn' ex> ကလည်း လုပ်ချင်ရာတွေလုပ်နေလိုက်..

စားပွဲပေါ်ကတွေ့သမျှအရာအားလုံးကို ကိုင်ပေါက်ပစ်လိုက်ကာ ဒီနေ့ လူတိုင်းက ငါ့ကို ခေါင်းကိုက်အောင်လာလုပ်နေကြတာပဲ...အစောပိုင်း ဂိုဒေါင်မှာ ဖြစ်ပျက်ခဲ့ကြတာကိုပဲကြည့်အူးး.. Tawan ဆိုတဲ့အကောင်က သူချောင်ပိတ်မိတာနဲ့ Kinn ရဲ့ လည်ပင်းကို ဇွတ်တွေပြေးဖက်ပီး သူ့ကို သတင်းအချက်အလက်တွေ msg ပို့ပေးနေတာ ကျတော်ပါဆိုပီး ထုတ်ပြောခဲ့သေး...ကျတော် Porsche ရှေ့မှာ ထပ်မလိမ်ချင်တာမို့ ဝန်ခံခဲ့လိုက်မိတယ်...

ကျတော် မှားခဲ့ကြောင်းဝန်ခံပီးပြန်ပေးဆပ်ချင်တယ်.. *ကျတော် က ဘယ်လောက်ပဲဆိုးဝါးနေပါစေ၊ ကျတော်ချစ်တဲ့သူကိုတော့ ဘယ်တော့မှ သူ့ခံစားချက်ကအစ မထိခိုက်စေချင်ပါ*
ဒါပေမဲ့ အခုက Porsche ကို အစစအရာရာ ဝန်ခံဖို့ အချိန်ကောင်း မဟုတ်နေသေးဖူးလေ..

Porsche ကို အစက ပြန်လိုက်ရမယ်..ဒါပေမဲ့ ဘယ်လို စ ရမလဲ ကျတော် မသိတော့ဖူး..

ကျတော့ ပတ်ဝန်းကျင်ကေ-ာက်ရူးတွေရဲ့တုံးအအလုပ်ရပ်တွေကြောင့် စိတ်ရှုပ်လွန်းလို့ လက်ထဲပါလာသမျှ လက်လှမ်းမှီရာတွေအကုန် ကိုင်ပေါက်ပစ်နေမိသည်..ကူကယ်ရာမဲ့ဖြစ်တော့မဲ့အနေအထား အထိ စဉ်းစားစရာတွေ များလွန်းလှလို့...ဒီအကြောင်းတွေ အဖေသိရင် ငါဆဲဆိုခံရအူးမှာ..ပင်မစံအိမ်တော်က သိသွားနိုင်မဲ့ အမှားတခု ကျတော်ကသွားလုပ်ခဲ့မိတာကိုးးး

Vegas x PeteWhere stories live. Discover now