Pete's Pov
"မင်းကိုယ့်အနားမှာ တစ်သက်လုံးနေပေးနိုင်မလား?"
Vegas ဆီက ကောက်ကာငင်ကာ ဒီစကားထွက်လာတော့ နှလုံးရပ် မတတ်ပဲ..
God Damn it!!
စိတ်ပျက်လာအောင် သရုပ်ဆောင်ဖို့ မေ့သွားပီး နှစ်သိမ့်စကားတွေသွားပြောခဲ့တာ!!
ဒီမှာ တသက်လုံး အချုပ်ခံထားရအောင် လုပ်ရမှာမဟုတ်ဖူးလေ..စိတ်ပျက်လာပီး လွှတ်ပေးအောင် ကြိုးစားနေရမှာကို!!
ဘယ်လို လို့ ငါကမေ့သွားရတာလဲလို့!!!Vegas ကို တွန်းထုတ်လိုက်ပီး တရားခံစစ်သလိုမော့ကြည့်ကာ -
"ငါ့ ရဲ့ Lad Nar ဘယ်မှာလဲ?""ဟမ်?? Ohhh..."
စက္ကန့်ပိုင်းလောက် Vegas ကြောင်သွားခဲ့ပီးမှ ပြန်သတိရလာသည်.."မေ့လာတယ်လို့တော့ လာမပြောနဲ့နော်!!"
သူ့ပုံစံက အပြစ်ရှိသလိုပုံပေါက်ပေမဲ့ ကျတော့အစားအသောက်ကို မေ့ခဲ့လို့ တအားကို စိတ်ဆိုးတယ်.."အကိုကြီးKhun က ကိုယ့်အပေါ် ငါးဟင်းရည်တွေလောင်းချခဲ့တော့ အိမ်ကိုပဲ တန်းပြန်လာခဲ့လိုက်တာ...ဝယ်ဖို့မေ့ခဲ့ပီ"
"Damn You!!
ဘယ်လိုလုပ် မေ့နိုင်ရက်တာလဲ? ငါအခု ဗိုက်တအားဆာနေပီလေ!!"
နေ့လည်သတင်းကြားပီးကတည်းက စိတ်လှုပ်ရှားပီး ဘာမှမစားရသေးတာမို့ အမှန်တကယ်ကို ဗိုက်ဆာနေပါပီ.."Hey!! ညစာ စားထားဖို့ ကိုယ် မှာ ထားတယ်လေ"
"ဒါပေမဲ့ မင်း Lad Nar ဝယ်ခဲ့ပေးဖို့ ကတိပေးထားတယ်လေ!!"
"မနက်ဖြန် ဝယ်ကျွေးမယ်ကွာ"
Vegas ရဲ့ ပီးစလွယ် ပြောစကားကြောင့် လူက ဒေါသပိုထွက်လာရသည်.. စိတ်လျော့ထား Pete...5...4...3...2...1...
Vegas စိတ်ဆိုးလာရင် ထရိုက်နိုင်မှန်းသိပေမဲ့ ဗိုက်ဆာနေတာက ပိုအားကြီးနေတာမို့ သတ္တိတွေအပြည့်ပဲ.."အခုဗိုက်ဆာနေတာလေ!!"
ဆိုဖာကို ထပီးကန်လိုက်တော့ Vegas က မျက်မှောင်ကြုတ်ကာ ကြည့်လာသည်..
အယ်.. ငါရပ်သင့်ပီလား?"ဘာလို့ မစားထားရတာလဲ? အခုတော့ ကိုယ့်အပေါ် ဒေါသတွေ ပုံချနေတယ်"
"အွန်းး...မင်းပဲ ညစာငါနဲ့အတူစားပေးမယ်ပြောထားပီးတော့"
ဘာလို့ အဲ့သလို ပြောထွက်သွားမှန်း မသိလိုက်ပေမဲ့ အသံကလည်းချက်ချင်း နူးညံ့သွားသေးတယ်..
သူဒေါသမထွက်လာအောင် ချော့တဲ့သဘောပါလေ... အိပ်လိုက်ရင် ဗိုက်ဆာနေတာ ပျောက်သွားမှာပါ.. အခုလောလောဆယ် သူ့ကို စိတ်ညစ်အောင် လုပ်တဲ့ ပလန် ကို ခဏရပ်ထားဦးမှပဲ!!
ကုတင်ဆီကို ခြေဆောင့် လျှောက်သွားလိုက်ပီး စောင်ခေါင်းမြီးခြုံကာ ကွေးနေလိုက်သည်..
JE LEEST
Vegas x Pete
Romantiek🌹 ZawGyi Version 🌹 KinnPorsche novel series ထဲက side couple ဖြစ်တဲ့ vegas x pete တို့ရဲ့ side storyပါ I got the permission to translate this story into Burmese from English Translator. If u want to read it in English, the story is under the Author...