Ep (16) Final : Satan Judge ...
((စေတန် တရားစီရင်မှု...))
အဆက် >> ဆိပ်ကမ်း လု တိုက်ပွဲ စ
Vegas's Pov
"Hello . I'm Mr. Korawit Theerapanyakhul/(Vegas). Here as , President of Karin Transport International Co. Ltd..."
ကျွန်တော့်မိတ်ဆက်စကားအဆုံး တီးတိုးစကားပြောသံတွေ ငြံငြံစီ ထွက်လာသည်.. ဦးလေးခွန် က သူ့အဖွဲ့သားတွေကို ကြည့်လိုက် ကျွန်တော့်ကိုကြည့်လိုက်လုပ်နေပြီး သူ့အကြည့်တွေကို ကျွန်တော့်ဆီမှာသာ အာရုံစိုက်ထားလိုက်ပြီး တည်ငြိမ်သောအသံဖြင့် -
"ငါ့အထင် -"
"Mr. Pete PongSakorn Saengtham က ဆိပ်ကမ်း ဒါရိုက်တာ ဖြစ်ပြီး ကျွန်တော့်ညီ - Krin Theerapanyakhul ကတော့ လက်ထောက်ဒါရိုက်တာပါ . ဘုတ်အဖွဲ့ဝင်တွေကတော့ ..."
ကျွန်တော်စကားကို ဆွဲထားတော့ အကုန်လုံးငြိမ်ကျသွားတယ် ..
"လုပ်ငန်းစမှ ရွေးချယ်ပါတော့မယ်"
ကြေညာစရာရှိတာ ကြေညာအပြီး ဦးလေးခွန်နဲ့ မျက်လုံးချင်းဆုံအောင် ကြည့်လိုက်သည်..."Vegas က တစ်ခုခုကို အထင်မှားနေပုံပါပဲ . လက်အောက်ခံအိမ်တော်ရဲ့ ပိုင်ဆိုင်မှု ၊ ပိုင်ဆိုင်ခွင့်တွေအကုန်လုံးက သူ့အဖေရဲ့သေဆုံးမှုနဲ့အတူပင်မအိမ်တော်ဆီ တရားဝင်လွှဲပြောင်းခဲ့ပြီးပါပြီ"
ဦးလေးခွန် က သူ့နောက်ရှိ သက်တော်စောင့်ဆီကနေ စာချုပ်စာတမ်းတွေ လှမ်းတောင်းတယ်...အစည်းအဝေးခန်းမထဲ အသံတစ်ခု ထပ်ထွက်လာပြန်သည် -
"ပင်မအိမ်တော်ထံ အပ်နှံကြောင်း ကိုယ်တိုင်လက်မှတ်ထိုးပေးခဲ့တာ အမှန်ပါ ... "
စကားကိုခဏရပ်ပြီးရှေ့နေကျိုး စာရွက်စာတမ်းတွေ ပြင်ဆင်နေတာကို တချက်ငဲ့ကြည့်လိုက်ပြီးမှ -
"ဒါပေမဲ့ ... Karin International Transport Co.Ltd က ကျွန်တော့်အမေ - မဒမ်လင်း နာမည် လက်အောက်က ကုမ္ပဏီပါ ... မဒမ် လင်း ခီရာတီပွန်ခွန် ရဲ့ အပိုင် ကုမ္ပဏီပဲ ဖြစ်ခဲ့တာပါ"
ရှင်းလင်းအောင် အတိုဆုံး အရင်ပြောလိုက်သည်..."မဒမ်လင်း သေတမ်းစာအရ သူမ သေဆုံးသွားရင် ဆိပ်ကမ်းပိုင်ဆိုင်ခွင့်ကို သူမရဲ့ အမွေခံက ရရှိပိုင်ဆိုင်ရမှာပါ ... ဆိပ်ကမ်းက သခင်ကြီးခန် ရဲ့ ပိုင်ဆိုင်မှုထဲမှာ မပါ ပါဖူး"
ရှေ့နေကျိုး က စာရွက်စာတမ်းတချို့ကို ဦးလေးခွန်ရှေ့ ချပြလိုက်တော့ သူက အသာ ပြုံးပြီး -
YOU ARE READING
Vegas x Pete
Romance🌹 ZawGyi Version 🌹 KinnPorsche novel series ထဲက side couple ဖြစ်တဲ့ vegas x pete တို့ရဲ့ side storyပါ I got the permission to translate this story into Burmese from English Translator. If u want to read it in English, the story is under the Author...