Ep 47

115 8 0
                                    

Porsche's Pov

"ငါမိန်းမ လိုချင်တယ်၊ ငါလက်ထပ်ချင်တယ်၊ မိသားစုတစ်ခုရှိချင်ပီ.. ဘဝသစ်တခုစပီး ဒီစောက်သုံးမကျတဲ့အတိတ်တွေအားလုံးကို ပစ်ထားခဲ့ချင်ပီ"
ဒီတခါတော့ Pete က အတည်ပေါက်ကြီးကို ပြောနေတာပဲ..

"ငါက ဘယ်ကနေသွားရှာပေးရမှာလဲဟ?"

"မိန်းမ တျောပ်ရှာပေး..ငါအတည် ကိုမှ အတည် ပြောနေတာ.. ဘဝအသစ်စမယ်၊ အတိတ်တွေကို ခဝါချထားခဲ့ပီး လက်ရှိပစ္စုပ္ပန်မှာပဲနေတော့မယ်... မင်းက တော့ အတိတ်ကို ပြန်တူးချင်နေတာလေ..
ကဲ.. အဲ့တော့ ငါနဲ့အပေးအယူလုပ်ဖို့ သဘောတူသလား?"
Pete က ကတိကဝတ်လုပ်ဖို့ လက်တဖက် ကမ်းလာသည်..

"တကယ်ကြီးလား?"

"တကယ်ကြီး!! မိန်းခလေးတွေနဲ့မိတ်ဆက်ပေးပီး ငါ့အတိတ်ကို သင်ပုန်းချေဖို့ ကူညီပေး..အိုခေ?"

"ကောင်းပီလေ...ငါကအဲ့မိန်းခလေးတွေကို ဘယ်မှာသွားရှာရပါ့မလဲ?"
ကျတော် Pete ကမ်းထားတဲ့လက်ကို မရေမရာ ခပ်ဖွဖွသာ ဆုပ်ကိုင် ကတိလုပ်လိုက်ရသည်..

"မင်းရဲ့ နေ့စဉ်ဘဝမှာ မိန်းခလေးအများကြီးတွေ့နေရတာပဲ! မင်း ကျောင်းက ကောင်မလေးတွေဆိုလည်း ဖြစ်တာပဲ"

"Jesus!! ငါတက်တဲ့ မေဂျာက တခန်းလုံးကျား တွေအများဆုံးပဲ!! အခန်းထဲမှာ ချစ်စရာအကောင်းဆုံးဆိုလို့ Tem ပဲ ရှိတယ်.. Tem နဲ့ချိတ်ပေးရမလား?"
လေထုထဲ တင်းမာမှုတွေလျော့သွားအောင် စ ကြည့်တော့ Pete က ခေါင်းကိုသွက်သွက်ခါအောင်ယမ်းပီး -

"ငါ မိန်းခလေးပဲလိုချင်တာ!! အသစ်စချင်တယ်လို့.. ဒီစောက်ရေးမပါတဲ့ မတော်တဆမှု ကို မေ့ပစ်ချင်တယ်.. ဒါက ငါ့ရဲ့ပန်းတိုင်ပဲ.. ရပီလား?"
Pete က ကျတော့်လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင် ပီး ကတိကဝတ်ကို အမှန်အကန်လုပ်ကာ Bar ထဲ ပြန်ဝင်သွားတော့သည်..
Pete က တကယ်ကို အခြေအနေမကောင်းဖူးပဲ!!

သူ့ခေါင်းထဲမှာ တခုခုကို လုံးဝမမေ့နိုင်ဖြစ်နေတာမို့ သူက တုံ့ပြန်ချင်နေတာ.. အဲ့တခုခုက Vegas နဲ့ဆိုင်မယ် ထင်တယ်..

စီးကရက်လက်ကျန်ကို မြေကြီးပေါ်ပစ်ချ ဖိနပ်နဲ့ နင်းချေပီး Kinn စောင့်နေမှာမို့ Bar ထဲ ပြန်ဝင်ရန်ပြင်လိုက်သည်... ကျတော်နဲ့ မနီးမဝေးက မီးတိုင် အနောက်ကနေ အရိပ်တခုက မြေကြီးပေါ် ကျလာသည်..

Vegas x PeteWhere stories live. Discover now