Ep 34

117 13 0
                                    

Pete's Pov

"ဒီဇာတ်ကားကို ကြည့်ဖူးလား?"
Vegas ကို မော့ကြည့်ပီး မေးလိုက်တော့ သူက screen ကနေ အကြည့်လွှဲပီး ကျတော့ကို ငုံ့ကြည့်ကာ ခေါင်းရမ်းပြသည်..

"ခန့်မှန်းနိုင်လား? ဒီ ဂစ်တာလေးကို ဘယ်သူပိုင်တယ်ဆိုတာ?"
TanKhun လုပ်နေကျပုံစံအတိုင်း ဇာတ်ကားကြည့်နေရင်း အတူကြည့်နေတဲ့သူတွေကို ဘယ်လိုထင်လဲ? ခန့်မှန်းကြည့်! အဲ့သလိုမျိုးတွေ.
ခုလည်း Vegas က တုံးအလား ဉာဏ်ကောင်းလားဆိုတာ စမ်းကြည့်ရမယ်..

"ခန့်မှန်းလို့ ရနေပါပီ"
Vegas က အေးတိအေးစက် ပုံစံနဲ့ ပြန်ဖြေတယ်..

"အဲ့တော့ ဘယ်သူလို့ထင်လဲလို့?"
Vegas ကိုမျက်လုံးစင်းကြည့်ပီး ထပ်မေးသည်... သူဖြေတာမှားလို့ကတော့ ကျတော်က သွားတွေကျွတ်ထွက် သွားတော့မဲ့အထိ ဟားတိုက်ရီပစ်မှာ..

"ဆက်ကြည့်နေ"

"မရဖူး..မင်းထင်တာ ဘယ်သူလဲဆိုတာ ပြောပြရမယ်"
Vegas မျက်နာ နားကပ်အောင် အပေါ်ကိုတက်ပီး မရရအောင်မေးတယ်... သူ့ကိုသေချာစိုက်ကြည့်ပီး သူ့အဖြေမှားပီး သူတုံးအတာကို ကြည့်ချင်လှပီလို့...

"မင်းမကြည့်ချင်နေ..ကိုယ်ကတော့ ဆက်ကြည့်မှာ"
Vegas က ကျတော့ခေါင်း ကို ရင်ဘတ်ပေါ်ပြန်တွန်းချဖို့ကြိုးစားပေမဲ့ -

"မရဖူး..ငါသိချင်တယ်..မင်းဘယ်သူလို့ထင်လဲဆိုတာကို!!"
Vegas လက်ကို ဖယ်ချပီး ခေါင်းကို ရှေ့ဆက်တိုးကာ ဆက်မေးသည်.. မျက်နှာကစနောက်ချင်လွန်းလို့ စပ်ဖြီးဖြီးပုံစံအပြည့်နဲ့ပေါ့... ဒါကလေးတွေကြည့်တဲ့ ကာတွန်းလေ ငါ့ကောင်! Vegas လို လူမျိုးက နားလည်မှာကို မဟုတ်ဖူး!! သူကဟန်ဆောင် တက်ယောင်ကား လုပ်နေပီး ဒီလောက်လွယ်လွယ်လေးတောင် ဖြေနိုင်တာ မဟုတ်ဖူး..
သူ့ရဲ့ တုံးအတဲ့ တဖက်ခြမ်းကို ပြဖို့ ကြောက်နေတာ ဟုတ်တယ်မလား?? ဟဟ!!

"ကဲ အဲ့တော့ ငါက spoil ပေးမယ်..ဟီဟီး..အဲ့ ဂစ်တာလေးက ~ "

"ရပ်လိုက်! ဇာတ်ကားအဆုံးကို ကြို spoil တာတွေ ကိုယ် မကြိုက်ဖူး"
Vegas က လက်ညှိုးထိုးပီး တားလာသည်.. ဟဟ.. ဒါအခွင့်အရေးပဲ..

"ဂစ်တာကို ဘယ်သူပိုင်တာလဲဆိုတော့ ~ Hey!!"
Vegas က သူ့လက်တဖက်နှင့် ကျတော့ ပါးစပ်ကို ပိတ်လိုက်တာမို့.. ရတယ်လေ လက်ကို ရအောင်ဖယ်ပီးကို ပြောမှာ ..

Vegas x PeteWhere stories live. Discover now