Episode 02 : At My Worst...
((ငါ့ရဲ့ အဆိုးဆုံးအချိန်...))Vegas's Pov
// ကျွိ //
အခန်းကြမ်းပြင်ပေါ်ကို ခြေချမိလိုက်သည်နှင့် ကျွန်တော့်အချစ်ဆုံးလေး ရဲ့ အသံက ထွက်လာသည် -
"ပြန်လာပီလား...?"အိပ်ယာပေါ်မှာ ဖြေးဖြေးချင်း အားယူကာ ကိုယ်တစ်ပိုင်း ထလာပီဖြစ်ပေမဲ့ သူ့မျက်လုံးလေးတွေကတော့ မပွင့်လာသေး... ဆံပင်တွေကလည်း ဟိုတစ်စ ဒီတစ်စ ပွလို့ ရှုပ်လို့...
သူ့အနားကို လျှောက်သွားလိုက်ပီး ခပ်စူစူနှုတ်ခမ်းလေးပေါ် အနမ်းတစ်ပွင့် အရင်ခြွေချပေးလိုက်ပီး ခပ်နက်နက် အနမ်းကြီးကြီးတစ်ခုကိုတော့ သူ့ပါးလေး နှစ်ဝင်သွားသည်အထိ ဖိနမ်းပစ်သည်..."ဆက်အိပ်လိုက်ပါဦး"
ပွရှုပ်နေသော ခေါင်းကို ပိုပွသွားအောင် လက်နဲ့ထိုးဖွပေးလိုက်ပီး သူ့မျက်နှာလေးကို အမြတ်တနိုး ငေးကြည့်နေချိန် အကြည့်တွေက သူ့လက်မောင်းတစ်နေရာဆီရောက်သွားတော့ -
"တစ်ခုခု နဲ့ ထပ်ပီး တိုက်မိခဲ့ပြန်တာလား??"
သူ့ လက်မောင်းပေါ်က ခပ်မှိန်မှိန် အညိုအမဲ အကွက်လေး ကို လက်မနဲ့ ခပ်ဖွဖွ ပွတ်သပ်ပေးရင်း မျက်မှောင်ကြုတ်မိတယ်..."ငါ အိုခေပါတယ်"
Pete က သာမာန်ကာ လျှံကာ သာ ပြန်တုံ့ပြန်၏...ခုနောက်ပိုင်း Pete တစ်ယောက် ဟိုဝင်တိုက် ဒီဝင်တိုက်တွေ ဘယ်လောက်တောင် ဖြစ်နေသည်မသိ .. သူ့ တစ်ကိုယ်လုံး အညို အမည်း အကွက်တွေ ဟိုတစ်ကွက် ဒီတစ်ကွက် ...
ဒီနမော်နမဲ့လေးက ဘယ်လိုများ ပင်မအိမ်တော်ရဲ့ သက်တော်စောင့်ခေါင်းဆောင်တာဝန်ကို ထမ်းရွက်ခဲ့ပါလိမ့်??"ဂရုစိုက်ဦး... ငြိမ်ငြိမ်နေရင်းတောင် ဒဏ်ရာရနေတာ"
ပြုံးပြနေတဲ့ သူ့မျက်နှာလေးကို ဆွဲညစ်လှုပ်ရမ်းပီး သတိပေးလိုက်တယ်..."Venice(ဗင်းနစ်) လေးကို သူ့အခန်းအရင် သွားပို့လိုက်အူးမယ်...ဝါးးးး"
Pete က အားပါးတရ သမ်းဝေပီး အိပ်ချင်ပြေအောင် ကိုယ်ကို ဟိုလှည့်သည်လှည့်လုပ်၊ မျက်လုံးတွေကို ကြည်အောင် ပွတ်သပ်၏... မျက်လုံးတွေ ကောင်းကောင်းပွင့်လာချိန် သူ့အကြည့်တွေက စားပွဲတင် နာရီပေါ်ကို ရောက်သွားတော့ မျက်မှောင် နဲနဲကြုတ်လာတယ်...
ŞİMDİ OKUDUĞUN
Vegas x Pete
Romantizm🌹 ZawGyi Version 🌹 KinnPorsche novel series ထဲက side couple ဖြစ်တဲ့ vegas x pete တို့ရဲ့ side storyပါ I got the permission to translate this story into Burmese from English Translator. If u want to read it in English, the story is under the Author...