Ep 1

1.9K 28 3
                                    

Vegas' POV

"ကျေးဇူးဗျာ"

ဒီနေ့ ကျတော် နဲ့ သူ တက္ကသိုလ်ဝန်းကိုပတ်ပီး ဆိုင်ကယ်လျှောက်စီးဖြစ်ခဲ့ကြတယ်။ သူနဲ့နီးစပ်နိုင်မဲ့ အခွင့်အလမ်းချောင်းနေခဲ့တာ အခုလို မြန်မြန်အခွင့်အရေးရလာလိမ့်မယ်လို့ တကယ်မမျှော်လင့်ထားမိ။
ကျတော့ရှေ့ကလူကို ပြုံးပြုံးကြီးကြည့်ရင်း
"မင်း နောက်အခါတွေ စီးချင်တဲ့ဘယ်အချိန်ဖြစ်ဖြစ် ငါ့ကိုခေါ်လိုက်"

ဒီလူ 'Porsche' ဟာဆိုရင် ကျတော့ မျက်စိထဲအမြဲကြည့်ကောင်းနေတော့တာပဲ။ သူ့ရဲ့ခန္ဓာကိုယ်၊သူ့ပုံစံ ယုတ်ယွအဆုံး သူ့ရဲ့ ခေါင်းမာမှုလေးတွေအစ ကျတော့ကို စိန်ခေါ်နေသလိုခံစားရပီး ကောင်းတဲ့ခံစားချက်ကိုလည်းတပြိုင်တည်းရနေတော့တာ။
Porsche က ကျတော့ဖိတ်ခေါ်ချက်ကို တချက်တောင် စဉ်းစားသင့်ဟန်မပြပဲ

"ဒီဆိုင်ကယ်ကိုစီးရတာကြိုက်ရင် မင်းဝယ်လိုက်တော့လေ"

သူပြောတဲ့ပုံစံကဝတ်ကျေတန်းကျေဖြစ်နေတာတောင်မှ ကျတော်သူ့ဆီကနေမျက်စိမလွဲနိုင်ခဲ့ဖူး။

"တကယ်လို့ ငါဝယ်ခဲ့ရင် မင်းကော အခုလို ငါ့နောက်က လိုက်စီးပေးဦးမှာလား?"

အပြုံးတပွင့်ကိုဆင်ရင် ညှို့ဓါတ်အပြည့်နဲ့ ကျတော်သူကို ပြန်ပြောလိုက်တယ်။ကျတော် သူ့ကို ဘာကြောင့် ချဉ်းကပ်နေတယ်ဆိုတာ သူ့ကိုရှင်းရှင်းလင်းလင်းသိစေချင်တယ်လေ။ ကျတော် မြန်မြန်လှုပ်ရှားမှ သူ့ကိုရယူနိုင်ချေများမယ်။
"မင်းပြန်သင့်ပီ၊ ကျေးဇူးထပ်တင်ပါရစေ" Porsche က စကားစကို အမြန်ဖြတ်စေချင်နေတဲ့ပုံ။ သူပြောတဲ့ပုံစံက လေးစားမှုမရှိတာမှန်ပေမဲ့ကျတော် စိတ်မကွက်မိဖူး၊ ဘာလို့ဆို ကျတော် သူ့ကို နားလည်နေလို့။ သူက အပြင်ပိုင်းမှာအလွန်သန်မာချင်ယောင်ဆောင်ရင်း အတွင်းပိုင်းက သူ့အားနည်းချက်တွေကို ဖုန်းကွယ်နေတဲ့သူမျိုးလေ။
ကျတော်ဘာကြောင့်သူ့ကိုနားလည်နေနိုင်တာလဲ၊ သူ့ကိုတွေ့တိုင်း ကျတော့ကိုယ်ကျတော် မှန်ထဲပြန်ကြည့်နေရသလိုပဲ။သို့သော်လည်း သူနဲ့ကျတော့ကြား ကွာခြားမှုလေးတွေတော့ ရှိတာပေါ့၊ သူက ရိုးရှင်းတဲ့လူစားမျိုး၊ သူတွေးနေတာ ပြောချင်တာ ကို ပွင့်ပွင့်လင်းလင်းဖော်ထုတ်လေ့ရှိတယ်။
ကျတော်ကတော့ ဆန့်ကျင်ဖက်။ကျတော့အတွေးတွေနဲ့ ကျတော့ပုံစံအစစ်အမှန်ကို မမြင်နိုင်အောင် ဖုံးကွယ်ထားနိုင်တယ့်လူမျိုး။ ဒါကတော့ ကျတော်တို့ကြားထဲ ကြီးပြင်းလာတဲ့ဘဝနေထိုင်မှုကွာခြားချက်ကြောင့်ပဲလေ။

Vegas x PeteWhere stories live. Discover now