Pete's Pov
အိပ်ရာထဲကနေ ခက်ခက်ခဲခဲထကာ ရေချိုးခန်းကို ဖြေးဖြေးချင်းသွားလိုက်သည်.. ဘယ်လောက်ကြာတဲ့အထိ ဒီလိုမျိုး နှိပ်စက်ခံနေရအူးမှာလဲ? လူတျောက်နဲ့တောင် မတူတော့တာမို့ ကိုယ်ရော စိတ်ပါ အတော်ပင်ပန်းနေပီ..
အခုချိန်လောက်ဆို ပင်မအိမ်တော်က ငါသေသွားလောက်ပီလို့တောင် ထင်နေကြပီနေမှာ.. သခင်လေးKinn, ကျတော့ကို တကယ်မေ့နေခဲ့တာလား? ပီးတော့ သခင်လေးKhun ကျတော်အနားမှာမရှိနေတာ ဘယ်လိုမှမခံစားရဖူးလား?
ထိုအတွေး တွေဝင်လာတော့ ကိုယ့်ကိုကိုယ် သိမ်ငယ်လာသလိုခံစားမိသည်..
ဒါမှမဟုတ် သူတို့ ကယ်ထုတ်ဖို့ နည်းလမ်းရှာနေတာ နေမှာပါ..Porsche, Arm, Pol - သူတို့ကတော့ ငါ့ကို မေ့နေမှာ လုံးဝမဟုတ်ဖူး..နည်းလမ်းတွေရှာနေတာပဲဖြစ်ရမယ်..မြန်မြန်လေးလာကယ်ထုတ်ပေးကြပါ.. ဘယ်လောက်တောင့်ခံထားနိုင်မလဲ တကယ်ကို မသိတော့လို့...
တခါမှမဖြစ်ဖူးတဲ့ အားငယ်မှု သိမ်ငယ်မှုတွေကြောင့် ကိုယ့်ကိုကိုယ်တောင် သနားမိလာတယ်..ငါတော့ သေတော့မှာပဲ..
မျက်နှာသစ် ရေချိုးကိုယ်လက်သန့်စင်ခြင်းကို လုပ်လိုက်တယ်.. တော်သေးတာပေါ့ ဒီမျိုးမစစ်ကောင်က ရေချိုးခန်းထဲ ပစ္စည်းအစုံထဲ့ထားပေးလို့...ဘယ်ဟာတွေသုံးခွင့်ပြုတယ် မပြုဖူးတော့ မသိတတ်ပါဖူး...
ဟေး...တကယ်လို့ လုံးဝရေမချိုးပဲ နေပစ်ရင်ရော?
ညစ်ညစ်ပတ်ပတ် နေပြလိုက်ရင် Vegas ငါ့အနားကပ်တော့မှာမဟုတ်တော့ဖူး..
ဒါပေမဲ့ သူဆက်ဆံပီးလို့ ကျန်နေခဲ့တဲ့ အစွန်းအထင်း အနံ့အသက်တွေကို ငါလုံးဝမခံစားနိုင်ဖူး...ချက်ချင်းဆေးကြောပစ်ချင်တာ..အဲ့တော့ ဒီနည်းလမ်းက လုံးဝ အဆင်မပြေ..ကျတော့လိုလူမျိုးက အဲ့သလောက် ညစ်ညစ်ပတ်ပတ် မနေနိုင်ပါဖူး.
ရေချိုးခန်းထဲကထွက်လာတော့ အဲကွန်းအပူချိန်ကို မြင့်လိုက်သည်..သူ့ဗီရိုထဲက အဆင်ပြေတဲ့ အိမ်နေဘောင်းဘီကို ယူဝတ်ခွင့်ပေးပေမဲ့ အင်္ကျီတော့ ပေးမဝတ်တာမို့ အခန်းက တအားအေးနေလို့မဖြစ်... Vegas နဲ့ ကျတော်က ကိုယ်လုံးချင်းသိပ်မကွာတာမို့ သူ့ဘောင်းဘီတွေ ယူဝတ်ရတာ အဆင်မပြေတာ မရှိ...သူပိုင်တဲ့ ပစ္စည်းတွေ တခုမှ မထိချင်ပေမဲ့ ရွေးချယ်စရာမှမရှိပဲ..
YOU ARE READING
Vegas x Pete
Romance🌹 ZawGyi Version 🌹 KinnPorsche novel series ထဲက side couple ဖြစ်တဲ့ vegas x pete တို့ရဲ့ side storyပါ I got the permission to translate this story into Burmese from English Translator. If u want to read it in English, the story is under the Author...