Ep 22

96 11 0
                                    

Pete's Pov

နောက်တနေ့မနက်မှာ အိပ်ရာက ထလာပီး နောက် ဘဝကအရင်တေ့တွေအတိုင်းပဲ -
Vegas က ဒီအချိန်ဆို အခန်းထဲမှာ ဘယ်တော့မှ မရှိတော့ဖူး..
Sofa ပေါ်မှာ သပ်သပ်ရပ်ရပ်ခေါက်ထားတဲ့ စောင်အပုံလိုက်လေးပဲ ကျန်နေခဲ့တာတွေ့တော့ သွားယူ သိမ်းလိုက်သည်..
မနက်ထလာပီး သူ့မျက်နှာကို ပထမဆုံးမတွေ့ရတာ စိတ်ချမ်းသာလိုက်တာနော်...နို့မို့ တအားစိတ်လေဖို့ကောင်းမှာ..
အဲ့ဒီနောက်တော့ နေ့တိုင်းလုပ်နေကျအတိုင်း အခန်းထဲကို ပတ်ချာလည်လမ်းလျှောက်မယ်၊ ရေချိုးမယ်၊ ကုတင်ပေါ်သွားထိုင်မယ်၊ ချိန်းကြိုးဖြုတါဖို့ ပစ္စည်းထပ်ရှာမယ်..ဟုတ်တယ် ခုထပ်ထိ အဲ့ကိစ္စကို လက်မလျှော့နိုင်သေးဖူး..

ဒီအရေးမပါတဲ့ချိန်းကြိုးက ရိုက်ဖြတ်လို့လဲမရ၊ ဆပ်ပြာသုံးပီးလက်ထုတ်ကြည့်တော့လည်းမရ.. ဒါ ဘာ ဘရန်း(Brand) တံဆိပ်တုန်း? ချွတ်ဖို့ကို တအားခက်နေရတာ..

အချိန်မှန် Nop အရူးကောင် အခန်းထဲ ဝင်လာတာတွေ့တော့ သူ့လက်ထဲက ပန်းကန်ကို လှမ်းကြည့်လိုက်သည်.. စိတ်ပျက်စရာ ဒီပေါင်မုန့်၊ကြက်အူချောင်း၊ကြက်ဥ ချည်းပဲ..
"Nop .."

"မင်း ငါ့ကို ကူညီပေးဖို့ တောင်းဆိုနေတာ ရပ်သင့်ပီ Pete"

"အဲ့ကိစ္စမဟုတ်ပါဖူး.. အခုက အစားအသောက်ကိစ္စပါ..တခြားစားစရာ မရှိဖူးလား? မင်းကော ပုံမှန်ဘာစားရလဲ?"

"ပုံမှန် ထမင်းနဲ့ဟင်း လေ၊ ဘာဖြစ်လို့လဲ?"

"ဒါဆိုငါ့ကို မင်းစားတာပဲပေး..ဒါကြီးလုံးဝမစားနိုင်တော့ဖူး..ငါ့ကိုကြည့်လိုက်အူး..အာလူးလုံး လိုဖြစ်နေပီကွ"

"မရဖူး..သခင်လေးVegas က ဒါပဲကျွေးခိုင်းတာ"

"ဘာလို့အဲ့အမိန့်ပေးထားရတာလဲ? မြက်တွေကို ခရင်မ်၊ထောပတ် တွေနဲ့ရောနယ်ထားတဲ့ အသီးအနှံတွေ ဘာလို့လာစားခိုင်းနေရတာတုန်း!"

"စားသာစား..ဂျီးများမနေနဲ့စမ်းကွာ"
Nop က စိတ်မရှည်စွာအော်ပြောပီး အခန်းထဲက ထွက်သွားတော့သည်..

"ဟေး...စွရူးကောင်...ငါလုံးဝစားမှာ မဟုတ်ဖူးကွ ကြားလား?!"
ချီး... အလကား လျှောက်ပြောတာရယ် တကယ်တော့ ကျတော့ အကုန်စားပစ်လိုက်ပါတယ်..
ဘုရားသခင်ရေ..ဒီအိမ်က အစားအသောက်တွေကို ကျတော်တော့ မယုံနိုင်အောင်ပါပဲဗျာ..
ကျတော်က ထမင်းနဲ့ ဟင်းစပ်စပ်လေးတွေစားချင်တာ..ဒီ အဆီတရွဲရွဲဟာကြီးတွေ လုံးဝပဲ..

Vegas x PeteWhere stories live. Discover now