Pete's pov
အခုချိန်မှာ ကြောက်ရွံ့မှုတွေလည်း မရှိတော့ပဲ သူ့ဆီကနေရတဲ့ ခံစားချက်အသစ်တခုကပဲ အစားထိုးဝင်ရောက်နေ၏..
"..."
"ငါက အဲ့သလောက်ရွံစရာကောင်းနေတယ်လား Pete?"
Vegas အသံက အက်ရှရှဖြစ်နေပီး သူ့မျက်နှာမှာ ကျတော် တခါမှ မမြင်ခဲ့ဖူးတဲ့ ဝမ်းနဲမှု၊နောင်တ၊စိတ်ပျက်မှု၊အားငယ်မှုတွေက အကုန်ရောပြွမ်း ပေါ်လွင်နေသည်..
Vegas က အံကို တင်းတင်းကြိတ်ထားပီး တစ်စုံတစ်ခုကို မထွက်ပေါ်အောင်ကြိတ်မှိတ်ထိန်းထားနေသလို... နောက်ပိုင်းကျရင်သူဘာတွေထလုပ်မယ်ဆိုတာ ကျတော်မသိနိုင်ပေမဲ့ အခုတော့ သူ့ပုံစံက လူဆိုး၊လူရိုင်း တစ်ယောက်နဲ့မတူပဲ ထိလိုက်ရင်ကို ကြေမွသွားတော့မဲ့ အရာတခုလို..."မဟုတ်ပါဖူး..ဒါတွေက -"
အဆင်ပြေသွားမှာပါ လို့တောင်ဆုံးအောင် မပြောရသေးဖူး သူ့ခေါင်းကို ကျတော့ ပုခုံးပေါ် မှီချပစ်သည်.."ငါပင်ပန်းနေပီ.."
သူ့မျက်နှာကိုကျတော့လည်တိုင်ဆီလှည့်ပီးတိုးဝှေ့ရင်း ပလုံးပထွေးနှင့်ပြောသည်... သူ့လက်နှစ်ဖက်ကလည်း ဘေးတွင် အားမရှိတော့သလို တွဲလျောင်းချထားသည်မို့ သူ့ပုံစံက တကယ်အားနည်း ပင်ပန်းနေတဲ့ပုံပင်.."ငါဒီမှာ ဆက်မနေချင်တော့ဖူး"
ငိုချချင်စိတ်ကိုထိန်းထားရသည့်အလား သူ့အသံတို့ကအဖျားခတ်တုန်ခါနေ၏..ကျတော်လည်းပြန်ပြောလိုက်ချင်ပါရဲ့ ငါလည်း အတူတူပါပဲ ဆိုပီး...
ဒါပေမဲ့ ကျတော့လက်တွေကသာမြှောက်သွားပီး သူ့လက်မောင်းတွေကို ညင်ညင်သာသာလေး ပွတ်သပ်ပေးလိုက်မိသည်.. အနဲဆုံးတော့ သူ့စိတ်ရိုင်းတွေ ဝင်မလာအောင် ချော့ပေးထားရမည်.."အဆင်ပြေမှာပါ Vegas...စိတ်ကိုလျော့ထားတော့နော်"
နှစ်ယောက်သား ထိုပုံစံအတိုင်း မိနစ်အတော်ကြာသည်အထိ မတ်တပ်ရပ်နေခဲ့ကြသည်..
Vegas ထံမှ ဘာစကားမှထပ်ထွက်မလာတော့သလို ကျတော်ကလည်း သူ့လက်မောင်းတွေကိုပဲ ပွတ်သပ်ချော့မြူပေးနေမိတယ်..
ဒီနောက်ပိုင်း Vegas က ကျတော့ကို အတော်ခေါင်းစားစေတယ်...တခါတလေ သူ့ကို မုန်းမိပီး တခါတလေ သူ့အတွက် စိတ်မကောင်းဖြစ်မိပြန်တယ်..
ဘာတွေ ခံစားလို့ ခံစားရမှန်းတောင် မသိတော့ဖူး!
Vegas နဲ့ အတူနေရတာက ရူးတော့မဲ့လူတျောက် နဲ့ အတူနေနေ ရသလိုပဲဗျာ..
YOU ARE READING
Vegas x Pete
Romance🌹 ZawGyi Version 🌹 KinnPorsche novel series ထဲက side couple ဖြစ်တဲ့ vegas x pete တို့ရဲ့ side storyပါ I got the permission to translate this story into Burmese from English Translator. If u want to read it in English, the story is under the Author...