NewStory Ep 10(B)

60 5 0
                                    

Ep 10(B) : Fear

အဆက် >> ဖိုး နဲ့ ဖွားကို Pete Macau Venice တို့လေဆိပ်လိုက်ပို့ကြ ၊ အိမ်တွင် Vegas တစ်ယောက်ထဲကျန်နေခဲ့ချိန် >>

Vegas's Pov

တိတ်ဆိတ်ငြိမ်သက်သွားသော အိမ်တော်ကြီးထဲ တစ်ယောက်ထဲ လမ်းလျှောက်နေရင်း အပေါ်ထပ်ရှိ အလုပ်ခန်းကို တက်လာခဲ့လိုက်သည်...

အဖေ သက်ရှိထင်ရှားရှိတုန်းကဆိုရင် - မိသားစု ထမင်းလက်ဆုံအတူစားဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာလိုပဲ ... အဖေနဲ့ ကျွန်တော်က ဘယ်နေရာမှ မတူတဲ့ လူသားနှစ်ယောက် ...
မတူညီတဲ့ လူသားနှစ်ယောက် ၊ ကိုယ့်ကမ္ဘာနဲ့ကိုယ် သီးသန့်နေခဲ့ကြတယ် ... အိမ်တော်ထဲ လမ်းလျှောက်ရင်း တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်တွေ့မိရင်တောင် အခေါ် အပြော မရှိဖူး ...

Macau မမွေးခင်တုန်းက အဖေနဲ့ ကျွန်တော် ပျော်ခဲ့ရတဲ့ သားအဖအချိန်လေးတွေ ရှိခဲ့ရာကနေ ဘယ်လိုကနေ ဘယ်လို အဖေအေးစက်သွားရတာလဲ???
ဒါမှမဟုတ် ကျွန်တော်သိပ်ငယ်သေးတော့ သားအဖ ပျော်ခဲ့ရတာတွေဆိုတာ ကိုယ့်ဖာသာကိုယ် စိတ်ကူးယဉ်မိနေတာတွေလား??
အဖေ ဘယ်တုန်းက ကျွန်တော့်ကို နောက်ဆုံးပွေ့ချီခဲ့တာလဲ??
တစ်ခါမှကို မပွေ့ချီခဲ့ဖူးတာများလား??
ကျွန်တော် ငယ်ငယ်တုန်းက ခေါင်းမာပြီး ဆိုးသွမ်းခဲ့လို့ မိသားစုက ပျော်စရာမိသားစု မဖြစ်ခဲ့တာများလား?

အဖေ အမေ့ကို မုန်းခဲ့တာလား?
အဖေ ကျွန်တော့်ကို မုန်းခဲ့တာလား?
အဖေ Macau ကို မုန်းခဲ့တာလား?
ဒီမေးခွန်းတွေက ကျွန်တော် အမြဲမေးနေမိတဲ့ မေးခွန်းတွေ ...

ပင်မအိမ်တော်ကို အကြောင်းတစ်ခုခုနဲ့ သားအဖသုံးယောက် သွားခဲ့ရတိုင်းကျွန်တော်ကြိတ်ပျော်ခဲ့တယ် ... အဲ့ဒီအချိနိတွေဆို အဖေက အများရှေ့မှာ ကျွန်တော်နဲ့ Macau ကို စကားလုံးတွေ အမူအရာတွေနဲ့ ချစ်ခင်ဟန် ပြလေ့ရှိလို့ ...
ခံစားချက်အစစ်တွေ မပါပေမဲ့ ၊ သူ ကျွန်တော်တို့ ညီအစ်ကို ကို တကယ်မချစ်မှန်း သိပေမဲ့လို့ပေါ့ ...

ဦးလေးခွန် က အဖေ့ကို အမြဲတိုက်တွန်းလေ့ရှိတယ် - ကျွန်တော်နဲ့Macau ကို ဂရုစိုက်နွေးထွေးပေးဖို့ကိုလေ ...
ထူးတော့ထူးဆန်းတယ် ... ဦးလေးခွန် က ရွံစရာ လူယုတ်မာ လူလိမ် အကြီးစားကြီးဖြစ်ပေမဲ့လို့ သူ့ရဲ့ သားတွေကိုတော့ အတော်လေးချစ်မြတ်နိုးတယ်ဗျ .. အထူးသဖြင့် အကြီးဆုံးသား Tankhun ကို ပေါ့ ...

Vegas x PeteOnde histórias criam vida. Descubra agora