Ep 17

94 10 0
                                    

Pete's Pov

"ငါ...ငါ..မရည်ရွယ်ပါဖူး"
ကျတော် အိပ်ရာပေါ်ကနေ ဖြေးဖြေးချင်းထကာ ဂဏှာမငြိမ်စွာဖြင့် Vegas ကို ရှင်းပြရ၏..
Vegas အသက်ပြင်းပြင်းရှူလိုက်တာမြင်တော့ ပေါက်ကွဲမဲ့မီးတောင် ကို ကျတော် စောင့်နေရသလိုပဲ ...

"ဟက်..မင်းငါစိတ်တိုနေမှန်းတော့သိသားပဲ"
Vegas က ကျတော့လက်မောင်းတွေကို ဆုပ်ကိုင်းပီး ကုတင်ခေါင်းရင်းမှာ ဖိကပ်ထားပစ်တာမို့ သူ့အောက်မှာတွန့်လိမ်ပီးရုန်းရုံလောက်သာ လုပ်နိုင်တော့သည်..

"လွှတ်ပေး!"

"ဘယ်သူမှ ငါစိတ်တိုနေတဲ့အချိန်လာမစော်ကားရဲခဲ့ဖူး..ဒါပေမဲ့ မင်းက ငါ့ကို ကန်တောင်ကန်ထဲ့ပစ်တယ်! ဟမ်?"
Vegas ရဲ့ ခွန်အားက ကြီးလွန်းတာမို့ ကျတော် လှုပ်တောင် မလှုပ်နိုင်တော့... သူ့ ကိုယ်ထဲက မကောင်းဆိုးဝါးက ပေါ်လာပြန်ပီ..

သူ့ကို ကြည့်ကို မကြည့်ရဲတာမို့ မျက်လုံးစုံမှိတ်ကာ ရသလောက် ရုန်းကန်ရင်း -
"ငါပြောတယ်လေ တမင်လုပ်လိုက်တာမဟုတ်ဖူရလို့"

"ပီးတော့ နောက်တခုလည်း ရှိသေးတယ် Pete! ဘာလို့ ငါက ကြမ်းပြင်ပေါ်မှာ ရောက်နေရတာလဲ? မင်းဘာလုပ်ခဲ့လဲ Pete?"

ဒီမျိုးမစစ်ကောင် က ကျတော့အနားကို ခန္ဓာကိုယ်၂ခု ထပ်တူ ကျ မတတ် တိုးကပ်ပီး ဖိထားတာမို့ ခြေထောက်တောင် လှုပ်မရတော့..

"မင်း မူးနေခဲ့တာလေ..ငါ ဘာမှမသိဖူး"

"မင်းငါ့ကို သတ်ဖို့ ကြံစည်နေခဲ့တာလေ! ငါပြောပြမယ် သေချာနားထောင်! ငါ့လိုလူက ကြံစည်လို့ မသေခဲ့ပဲ လွှတ်ခဲ့မယ်ဆိုရင် မင်းကတော့ အသေပဲဆိုတာ တွေးထား...တခုတော့ရှိတယ်...မင်းကတော့ ရှင်လျက်နဲ့သေရမဲ့ ဘဝပဲဖြစ်မှာ..သဘောပေါက်လား ဟမ်?"

ခွေးကောင် Vegas က သူ့မျက်နှာကို ကျတော့လည်ပင်းဆီ ပွတ်သပ်ငုံ့ချလိုက်တာမို့ ကြက်သီးတွေတဖြန်းဖြန်း ထလာရ၏

"Vegas..လွှတ်...ခွေးကောင်...ငါ့ကိုလွှတ်လို့"
ရှိသမျှခွန်အားကို ဖြစ်ညစ်ထုတ်ပီး သူ့လက်က ရုန်းနေမိသည်...မဖြစ်ဖူး ငါ အသက်ရှင်မှဖြစ်မှာ.

"ရုန်းနေတာတွေရပ်စမ်း...မင်းရုန်းလေ မင်းပိုနာကျင်ရလေပဲ..ငါ့စိတ်အခြေအနေ ငြိမ်သွားအောင် ကူညီပေးတယ်လို့ သဘောထားလိုက်...ငါအခုတအားစိတ်တိုလွန်းလို့ သီးမခံနိုင်တော့ဖူး"
ထိုစကားတွေကို Vegas က ကျတော့နား နားကပ်ကာ တိုးဖွဖွပြောနေတာမို့ ပိုရွံမိပါသည်..

Vegas x PeteWhere stories live. Discover now