Pete's Pov
Vegas အခန်းထဲထွက်သွားတိုင်း အခန်းထဲပတ်ပီး လွှတ်မြှောက်ဖို့ ရှာဖွေကြံစည်ရတာလဲ အချိန်တိုင်း.. ဝရန်တာကနေ ခုန်ချဖို့ ခဏခဏ အတွေးရပေမဲ့ လက်က သံကြိုးအရှည်က ခွင့်မပြု..
လက်ကောက်ဝတ်က သံကွင်းကို နံရံတွေ မာတဲ့အရာတွေနဲ့ ဘယ်လောက်ပဲရိုက်ခတ်ထုရိုက် ပုံစံတောင်မပျက်လာ..လက်ကောက်ဝတ်ကနေ သံကွင်းကို ဆွဲချွတ်ကြည့်ဖို့ ကြိုးစားခဲ့သေးတယ်.. ဒါက တကယ်ကို တုံးအအ အကြံမှန်း ကျတော်လည်းသိပေမဲ့ ဒီကွင်းက ချွန်တာနဲ့လည်း ကလန့်မရ၊ မာတာနဲ့ ထုလည်း မရ ဖြစ်နေတော့ အကြံဉာဏ်တွေက ခမ်းခြောက်နေပီ..
ကြံရာမရာ ဆွဲချွတ်ကြည့်တော့ မရတဲ့အပြင် လက်တောင် အတော်လေး နာသွားရသည်..ညနက်အချိန်ရောက်တဲ့အထိ အိပ်ရာအောက်၊ဗီရိုထဲ အကုန်မွှေနှောက်ပီး ခဏခဏ ပတ်ရှာခဲ့ပေမဲ့ အသုံးဝင်တာဘာမှမတွေ့ခဲ့ပါဖူး..
ဗိရိုထဲက ဖွထားသမျှ အဝတ်တွေကိုသာ စီစဉ်တကျဖြစ်အောင် ပြန်ခေါက်ထဲ့ပေးလိုက်ရသည်.. ဒါပေမဲ့ ဗီရိုထဲက အံဆွဲ တခုထဲမှာ ထူးဆန်းတဲ့ပစ္စည်းတွေ အများကြီးကိုတွေ့ခဲ့ရသေးတယ်..
ဝေါင်း...အံဆွဲထဲကနေ ထိုအရာတွေထဲကို ဆွဲထုတ်ကြည့်လိုက်ပီး
"ဒါက ဘာကြီးတုန်း?"သေချာကြည့်မိလိုက်တော့မှ မယုံကြည်နိုင်စွာဖြင့်
"ဝိုးးး what the hell!!!"ခွေးကောင် Vegas! နှာဘူးကောင်! စက်ဆုပ်ဖို့ ကောင်းတဲ့ကောင်!
အံဆွဲထဲမှာ ချိန်းကြိုး၊ လက်ထိပ်၊ ကြာပွတ်၊ လိင်ဆက်ဆံရင်သုံးတဲ့ အမျိုးမျိုးသောပစ္စည်းတွေ..
များပြားလွန်းလို့ ကျတော် ကြက်သီးတွေတောင် ထလာရသည်.."အကန့်လွတ်နေတဲ့ ကောင်! ကိုယ်ကျင့်တရားမကောင်းတဲ့ကောင်! ဒါတွေလုပ်ဖို့ပဲ တချိန်လုံးတွေးနေတာ... ခွေးမသား Vegas!"
ကိုင်ကြည့်ထားတဲ့ ပစ္စည်းတွေကို အံဆွဲထဲမြန်မြန်ပြန်ပစ်ထဲ့လိုက်ပီး ကြက်သီးထလွန်းလို့ လက်မောင်းတွေကိုတောင် ပွတ်သပ်လိုက်ရတယ်..လုံးဝကို ဒီမှာ မနေချင်တော့ဖူး!!
အခန်းတံခါးဖွင့်ဝင်လာသံကြားတော့ ကုတင်ဆီကို မြန်မြန်ပြေးသွားလိုက်ပီး ငြိမ်ငြိမ်လေးလဲအိပ်လိုက်ကာ အိပ်ချင်ယောင် ဆောင်ရပြန်သည်..
မကြာပါဖူး အိပ်ခန်းတံခါးပွင့်လာပီး ဝင်လာသောလူနဲ့အတူအရက်နံ့တွေထောင်းထောင်းထနှာခေါင်းထဲဝင်လာခဲ့တယ်...
Vegas ကုတင်နား လျှောက်လာတာကို မြင်လိုက်တာမို့ ကြောက်လွန်းလို့ နှလုံးအခုန်မြန်လာရတော့သည်...
ကျတော့အနားမှာ သူရှိနေပီဆိုတဲ့အသိနဲ့တင် တော်တော်လေးတုန်လှုပ်နေရပီ...
YOU ARE READING
Vegas x Pete
Romance🌹 ZawGyi Version 🌹 KinnPorsche novel series ထဲက side couple ဖြစ်တဲ့ vegas x pete တို့ရဲ့ side storyပါ I got the permission to translate this story into Burmese from English Translator. If u want to read it in English, the story is under the Author...