Ep 25

94 14 0
                                    

Pete's Pov

Vegas က မှာစရာရှိတာ မှာခဲ့ပီးသည်နှင့် ရုံခန်းထဲဝင်သွားခဲ့သည်... ကျတော်လည်း ကြမ်းပြင်ပေါ်ဝမ်းလျားမှောက်နေရာကနေ ထကာ စဉ်းစားခန်းဖွင့်နေရတော့သည်.. သူ့ သူငယ်ချင်းတွေ သတိထားမိအောင် ဘာလုပ်ရမလဲ? ရုံခန်းထဲကနေ အိပ်ခန်းကို လှမ်းမမြင်ရသလို အသံကလည်း လုံသေးတယ်...

"ဘယ့်နှယ်လဲ Vegas? စာမေးပွဲပီးတာနဲ့ အိမ်ကိုတန်းကို ပြေးတော့တာပဲ"
Vegas ရဲ့ သူငယ်ချင်း ၂ယောက် ရုံးခန်းထဲ ဝင်လာတာတွေ့တော့ လူမျက်နှာအသစ်တွေကို မြင်ရလို့ အတော်ကို ပျော်သွားမိသည်... ဒါက ငါလွတ်မြှောက်ဖို့ မျှော်လင့်ချက်အသစ်ပဲ..

"Hey...Jay ကပြောနေတယ်..မင်းအိမ်မှာ တစ်စုံတစ်ယောက်ကိုဖွက်ထားလို့ ငါ့တို့ကို မြန်မြန်ပြန်ဖို့ အမြဲ တိုက်တွန်းနေတာတဲ့လေ"
သူ့ သူငယ်ချင်းထဲကတျောက်က ပြောရင်းဆိုရင်း အိပ်ခန်းတံခါးရှိရာဆီသို့ လျှောက်လာတာမြင်မိတော့ -

ဟုတ်တယ်!! ဝင်လာခဲ့!!ငါဒီမှာ ရှိနေတယ်!!

"ရပ်လိုက်!! မင်းတို့ဒီမှာ အစီရင်ခံစာ ရေးဖို့ လာတာမလား! ရေးရင်ရေး မရေးရင် လစ်လိုက်ကြတော့"
Vegas က အသံခပ်မာမာနဲ့ ပြောလိုက်တော့ သူ့သူငယ်ချင်းတွေ ပြန်တပ်ခေါက်သွားကြသည်..

"ကျစ်...မင်းကလည်း အမြဲ ခြိမ်းခြောက်နေတော့တာပဲ"

ဟမ့်...ဒီကောင်က သူငယ်ချင်းပါမချန် လူတကာကို အမိန့်ပေးနေတော့တာပဲကိုး..သူ့လိုလူမျိုးက ပြောင်းလဲဖို့တော့ ရှိမှာမဟုတ်ဖူး..
သူ့ သူငယ်ချင်းတွေ ငါ့ကို မြင်ခါနီးနေပီကိုကွာ..

အခန်းထဲမှာ ပတ်လျှောက်နေရင်း အကြံထုတ်နေမိသည်..မျက်စိထောင့်ကနေ အစားအစာ ထဲ့ထားတဲ့ လင်ဗန်းကို မြင်တော့ အတွေးတခုက လက်ခနဲ...

// ချလန်...ခွမ်း //

လင်ဗန်းနဲ့ပန်းကန်တွေကို မြင့်မြင့်မြှောက်ပီး ကြမ်းပြင်ပေါ် ပစ်ချပစ်သည်..
သေချာတာပေါ့..အသံက ကျယ်လွန်းလို့ အသံလုံပါတယ်ဆိုတဲ့ ရုံးခန်းထဲက ၃ယောက်တောင် ခေါင်းထောင် လာကြသည်...

"ဘာသံလဲ?"

"..."
ရုံးခန်းထဲ ခဏတော့ လှုပ်လှုပ်ရှားရှားဖြစ်သွားပီး ပြန်ငြိမ်သွားသည်.
ဝင်လာပါစေ..ဝင်လာတဲ့ တျောက်ယောက်က သူ့သူငယ်ချင်းတွေထဲက ဖြစ်ပါစေ..ကျတော်ကြိတ်ဆုတောင်းရင်း သေမဲ့အချိန်ကို နောက်ပြန်ရေတွက်နေရသလို ခံစားလာရသည်..

Vegas x PeteWhere stories live. Discover now