Ep 29

83 11 0
                                    

Pete's Pov

"Oh!! သီချင်းဆိုပြလေ နားထောင်ပေးမယ်"
ပထမတခေါက် သူပြောကတည်းက ငြိမ်ငြိမ်လေးနားထောင်ပေးလိုက်ရမှာ ခုတော့ မျက်ခုံးလှုပ်ရပီ... Vegas က ဒီရက်ပိုင်း အတော်ထူးဆန်းပီး စိတ်အခြေအနေတွေလည်း ကောင်းနေတာပဲ...

ခွေးကောင်Vegas က ကျတော်ရင်းနှီးတဲ့ သံစဉ်တခုကို စတင်တီးခတ်လာတယ်...ဘာသီချင်းလဲဆိုတာတော့ မမှတ်မိတော့ပေမဲ့ သူစာသားစဆိုလာတော့ မျက်မှောင်ကြုတ်မိတယ် -

🎶
နှစ်ပတ်လောက်ကြိုးစားလိုက်တော့ သူလေး သတင်းအစုံရခဲ့တယ်..
Kinn အချက်အလက်တွေရသွားပေမဲ့ သက်တော်စောင့်လေးမှာတော့ ဒဏ်ရာတွေဗလပွနဲ့...
သူလေးကဆင်းရဲလွန်းလို့ ကြိတ်မှိတ်ခံစားပီး ပျော်အောင် နေနေရှာတယ်ကွယ်...🎶

ဒီလူက ငါ့ကိုသက်သက်ဆွနေတာပဲ...ပါးစပ်ကသာ သီချင်းဆိုနေတာ မျက်စိက ငါ့မျက်နှာအမူအရာကိုပဲ မလွတ်တမ်းကို အကဲခတ်နေတော့တာ.
"စောက်ကျိုးနဲ"
Vegas မကြားအောင် ကြိတ်ရေရွတ်လိုက်သည်..

"မင်းမွေးရပ်မြေက ဘယ်ပြည်နယ်ထဲမှာပါတာလဲ?"
ဆိုနေရင်း ဖြတ်မေးလာတဲ့မေးခွန်းကို မဖြေချင်ပေမဲ့ နာခံရမယ်လို့ ကွကိုယ်အားပေးပီး -
"ChumPhon ပြည်နယ်"

သူကဂစ်တာကိုဆက်တီးပီး စာသားကို လက်တန်းစပ်ဆို လိုက်ပုံက -

🎶
ChumPhon ကနေ ထွက်လာတဲ့ သူလေးက Sungaikolok မှာ ပြည့်တန်ဆာ လာလုပ်နေတယ်🎶
<t/n : Sungaikolok - ထိုင်း~မလေးရှား နယ်စပ်မြို့>

"Hey!!"

🎶
ခုတော့ သူ့မွေးရပ်ကို ပြန်ချင်နေသတဲ့ကွယ်..
TV လေး ရေခဲသေတ္တာလေးတောင် မရှိလည်း ပြန်ချင်ပါသတဲ့...
သူ့မှာ ယုံကြည်ချက်၊ပြင်းပြတဲ့စိတ်ဓါတ်၊ တန်ဖိုး ထားတတ်တာတွေနဲ့အတူ အနည်းငယ်ရှေးရိုးတောဆန်ပေမဲ့ ရွာပြန်ပီး လယ်စိုက်စားရရင်ကို နိဗ္ဗာန်ပါပဲတဲ့ကွယ်..🎶

Vegas က သီချင်းဆိုရင်း ကျတော့ကို ကြည့်ပီး ရီနေတာမို့ သူ့မျက်နှာကို တခုခုနဲ့ ပစ်ပေါပ်ပစ်ချင်စိတ်ကိုထိန်းကာ ပြန်ကြည့်ပေးနေလိုက်သည်..
ဘာတွေ စားထားလို့ သဘောတွေကောင်း သီချင်းဆိုပြပီးတောင် လာစနေနိုင်ရတာလဲ??

Vegas x PeteWhere stories live. Discover now